
~ IMDb - 6.3/10, Rotten Tomatoes - 89% ~ ဒီဇာတ်ကားရဲ့ တစ်ချို့အပိုင်းတွေဟာ ဖြစ်ရပ်မှန်တွေလို့ ပြောလို့ရပါတယ်။ ပင်မဇာတ်လမ်းကျောရိုးကြီးကို ပြောတာမဟုတ်ဘဲ ဥရောပနိုင်ငံတွေမှာ ခိုလှုံဖို့ကြိုးစားကြတဲ့ လူငယ်လေးတွေရဲ့ ရုန်းကန်မှုနဲ့ အခက်အခဲပေါ့။ လက်ရှိ ဥရောပမှာ မပြီးနိုင်မစီးနိုင် နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့ ပြဿနာဟာ ခိုလှုံသူပြဿနာပါပဲ။ အချက်အပြုတ်ကို အကြောင်းကို ရှေ့မှာပြပြီး အဲဒီပြဿနာကို စိန်ခေါ်မီးမောင်းထိုးပြသွားတဲ့ ဒီကားလေးဟာတော့ ပြောရမယ်ဆိုရင် ပူပူနွေးနွေး ဟင်းကောင်းတစ်မယ်ပါပဲ။ ကက်သီဟာ နာမည်ကြီး တီဗီမှာ လူသိများတဲ့ စာဖိုမှူးကြီးတစ်ယောက်ရဲ့ လက်ထောက်စာဖိုမှူးဖြစ်ပါတယ်။ ဒါပေမဲ့ ကားအစမှာပဲ ဟင်းမယ်ထဲထည့်မယ့် အမွှေးအကြိုင်ကိစ္စနဲ့ စကားများပြီး အလုပ်ထွက်လိုက်ရပါတယ်။ အလုပ်ကတော့ လွယ်လွယ်ပြန်ရှာမရခဲ့သလို နောက်ဆုံး ရလာပြန်တော့လည်း တစ်ပတ်ရိုက်ပြီး အခေါ်ခံရတဲ့ နေရာ ဖြစ်နေပါတယ်။ အဲဒီနေရာကတော့ ရွှေ့ပြောင်းလူငယ်လေးတွေကို ထားပေးတဲ့ အဆောင်တစ်ခုပဲ ဖြစ်ပါတယ်။ ငွေကြေးအခက်အခဲကြောင့်သာ ဒီအလုပ်ကို လက်ခံလိုက်ပေမယ့် အစပိုင်း စိတ်သိပ်မပါခဲ့ဘူး။ ဒါပေမဲ့ နိုင်ငံအသီးသီးကနေ ပြင်သစ်မှာ ခိုလှုံဖို့ကြိုးစားနေကြတဲ့ ဒီလူငယ်လေးတွေကို သူ နားလည်လာတဲ့အခါမှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 760MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 37Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.9GB | Download | |
| 720p | 760MB | Download | |
| 1080p | 1.9GB | Download | |
| 720p | 760MB | Download |