
အတောင်မစုံခင် အရွယ်မှာ မိဘတွေရဲ့ဆန္ဒအတိုင်း နေခဲ့သလို အတောင်စုံလို့ အရွယ်ရောက်ချိန်အထိ မိဘတွေရဲ့ အုပ်ထိန်းမှုကို ဆက်ပြီးနာခံနေမလား၊ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို မျက်ကွယ် ပြုပြီး မိဘတွေခင်းပေးတဲ့လမ်းအတိုင်း ဘဝခရီးကို ဆက်ပြီး လျှောက်လှမ်းသွားမလား၊ ကိုယ့် အနာဂတ်လမ်းကို ကိုယ်တိုင်ဖောက်ပြီး ကိုယ့်ရည်မှန်းချက်၊ ကိုယ့်ဝါသနာကိုပဲ ရှေ့ရေးကို ကြိုမတွေးဘဲ တစိုက်မတ်မတ် အကောင်အထည်ဖော်သွားပြီး ဘဝကို နေပျော်အောင် နေသွားမလား။ ဒီမေးခွန်း၂ခုကို ဂျင် နဲ့ ဟိဒဲ လို့ခေါ်တဲ့ ညီအစ်ကို၂ယောက်က အခုဇာတ်လမ်းထဲမှာ အဖြေပေးသွားပါတယ်၊ အဖေဖြစ်သူက သား၂ယောက်ကို ဘဝနောင်ရေးစိတ်အေးရအောင် သူ့အတိုင်း ဆရာဝန်ဖြစ်စေချင်သူ၊ အစ်ကိုကြီး ဂျင် က သူချစ်တဲ့ဂီတကို သူချစ်ရတဲ့ သူငယ်ချင်းတစ်သိုက်နဲ့ အပျော်တမ်းတီးဝိုင်းငယ်ထောင်ပြီး ဘဝကိုရှေ့ဆက်နေသူ၊ တစ်နည်းပြောရရင် ဖခင်ရဲ့စကားကို တိုက်ရိုက် ဖီဆန်တဲ့ သားမိုက်ကြီးပေါ့။ ညီငယ် ဟိဒဲ ကတော့ အစ်ကိုကြီးလို မဟုတ်ဘဲ ဖခင်ရဲ့အလိုအတိုင်း ဆရာဝန်ဖြစ်အောင်ကြိုးစားပေမယ့် လိုအပ်ချက်တွေကြောင့် သွားဆေးကျောင်းတက်ခဲ့သူ၊ တစ်ဖက်မှာလည်း ဖခင်မသိအောင် ကျောင်းက ဝါသနာတူသူငယ်ချင်းတွေနဲ့ ကျောင်းတွင်းတီးဝိုင်းလေးဖြစ်တဲ့ Green Boysကိုဖွဲ့စည်းရင်း ဝါသနာကို ချွေးသိပ်ထားတဲ့သူပါ။ ညီဖြစ်သူရဲ့ပါရမီနဲ့ဝါသနာကို သိသွားတဲ့အခါ အစ်ကိုကြီးဂျင်က Professional Bandတစ်ခုဖြစ်လာအောင် ကိုယ်တိုင်ကြီးကြပ်ပေးရင်း အဖေဖြစ်သူရဲ့အတ္တနဲ့ ကောင်းစေလိုစိတ်ကို ညီအစ်ကို ၂ဦးက သူတို့ချစ်တဲ့ဂီတနဲ့ စီးချင်းထိုးရပါတော့တယ်။ သီချင်းဆိုလို့ ဗိုက်မဝဘူးဆိုတဲ့ အဖေနဲ့ ကိုယ့်ဘဝကိုယ်မကျောင်းရရင် လူဖြစ်ရတာ အလကားပဲဆိုတဲ့ ညီအစ်ကို ၂ဦး အားပြိုင်ရာမှာ ဂျပန်ပြည်ရဲ့သက်တမ်းရင့် Hip Hop,Pop Rock bandတစ်ခု၊ ဂျပန်ပြည်တွင်းရဲ့ Music industry က စံချိန်တွေကို အလီလီရိုက်ချိုးထားတဲ့ GReeeeNဆိုတဲ့Bandကြီး စတင်အခြေတည်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာဂျပန်နိုင်ငံရဲ့ လူကြိုက်အများဆုံးနဲ့အောင်မြင်မှုအကြီးဆုံး Bandဖြစ်တဲ့ GReeeeN အကြောင်းကို ဖြစ်ရပ်မှန် ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ GReeeeNကို ဂျပန် cultureနဲ့ နီးစပ်သူတိုင်း သိကြသလို J-Music industryနဲ့ သိပ်မရင်းနှီးရင်တောင် GReeeeN - Kiseki ဆိုပြီး ရိုက်ရှာကြည့်မယ်ဆိုရင် ၂၀၁၀ပြည့်နှစ်တွေက ကြားဖူးခဲ့၊ Ringtone ထားဖူးခဲ့တဲ့ သံစဉ်အေးအေးလေးနဲ့ သီချင်းတစ်ပုဒ်ရဲ့ပိုင်ရှင်တွေအဖြစ် မှတ်မိသွားမှာပါ။ ပွဲဦးထွက်2007ခုနှစ်ကနေ လက်ရှိအချိန်ထိ Memberတွေဟာ ဘယ်သူဘယ်ဝါပါဆိုတဲ့ Identityကိုလုံးဝဖုံးကွယ်ထားတဲ့အဖွဲ့၊ တကယ့်အသက်မွေးဝမ်းကြောင်းဖြစ်တဲ့ သွားဆရာဝန်အလုပ်နဲ့ မန်ဘာ ၄ယောက်ရှိတာကို E ၄လုံးပါတဲ့ ပါးစပ်ပုံစံ လိုဂိုလေးနဲ့ GReeeeN အဖွဲ့ရဲ့သီချင်းကောင်းများနဲ့အတူ စိတ်အားတက်ဖွယ် တင်ဆက်ထားတဲ့ Musical Drama ကောင်းလေးဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးကနေ စိတ်ဓါတ်ခွန်အားတွေ ရစေဖို့လည်း ဆုတောင်းပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre.....Drama, Music Quality….WEB-DL 1080p and 720p File size…1.7GB and 986MB and 315MB Format…mp4 Duration….1h 51min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX Encoder .....LK
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |
ထုတ်လွှင့်သည့်နေ့
January 28, 2017
ကြာချိန်
1h 51m
အဆင့်သတ်မှတ်ချက်
7.9 / 10
Director
Atsushi Kaneshige