
ပွင့်လင်းမြင်သာတဲ့အဖော်အချွတ်တစ်ချို့ပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါကြောင်း.... ကဲ ဘာဘီနဲ့အတူထွက်ရှိလာတဲ့ joy ride ဆိုတဲ့ဇာတ်ကားလေးကို တောင်းဆိုနေတဲ့သူတွေအတွက် ရပါပြီနော်။ ဇာတ်လမ်းအကျဥ်းကတော့ အသက်၂၉နှစ်အရွယ်ရှိတဲ့ အော်ဒရီဆိုတဲ့သူဟာ ငယ်ငယ်လေးတည်းက အမေရိကမှာမွေးစားဖို့အပို့ခံခဲ့ရတဲ့ တရုတ်လူမျိုးတစ်ယောက်ဖြစ်ပြီးတော့ လက်ရှိမှာ ရှေ့နေ့ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေပါတယ်။ အမေရိကမှာနေပြီး သူ့လိုပဲတရုတ်လူမျိုးဖြစ်တဲ့ လိုလိုဆိုတဲ့သူငယ်ချင်းတစ်ယောက်လည်းရှိပါတယ်။ လိုလိုကတော့ sex organ တွေကို ပန်းချီဆွဲပြီးဖော်ပြရတာကို အရမ်းသဘောကျတဲ့သူပါ။ လူတွေကို ဖုံးကွယ်ထားသင့်တဲ့ခန္ဓာအစိတ်အပိုင်းတွေနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိစေချင်တယ်ဆိုတာက သူ့ရဲ့ရည်ရွယ်ချက်ပါ။ တစ်ရက်မှာတော့ အော်ဒရီဟာ အလုပ်ကိစ္စနဲ့ သူ့ရဲ့မွေးရပ်မြေလို့သိထားတဲ့ တရုတ်ပြည်ကို လိုလိုနဲ့အတူခရီးထွက်ဖို့ဖြစ်လာပါတယ်။ လိုလိုက ခရီးမှာ သူ့ရဲ့တစ်ဝမ်းကွဲညီမဖြစ်တဲ့ ဒတ်အိုင်းကို အပါခေါ်လာခဲ့ပါတယ်။ တရုတ်ကိုရောက်တော့ အော်ဒရီရဲ့သူငယ်ချင်းဖြစ်တဲ့ တရုတ်ပြည်မှာသရုပ်ဆောင်မင်းသမီးလုပ်နေတဲ့ ကတ်နဲ့တွေ့ကြပါတယ်။ ဒီလိုနဲ့လေးယောက်က အတူနေဖို့ဖြစ်လာကြပါတယ်။ တစ်ယောက်ချင်းစီရဲ့အကျင့်စရိုက်က ကွဲပြားခြားနားကြတာကြောင့် မကြာခဏရန်ဖြစ်ကြရင်းနဲ့ အလွဲတွေလုပ်ကြ၊ ပြန်ပြေလည်ကြနဲ့ ချစ်စရာကောင်းတဲ့သူတို့လေးယောက်ကြားက ဆက်ဆံရေးကိုရိုက်ပြထားတာပါ။ တရုတ်ယဥ်ကျေးမှုနဲ့ပတ်သက်ပြီးလည်း အများကြီးဖော်ပြထားပြီး လူမျိုးရေးခွဲခြားတတ်တာတွေပါ ပွင့်ပွင့်လင်းလင်းရိုက်ပြထားတဲ့ Asian-American, comedy ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ ပြောရရင်တော့ ပေါ့ပေါ့ပါးပါးသူငယ်ချင်းဇာတ်ကားလေးလည်းကြည့်ချင်တယ်၊ ခွီလည်းခွီချင်တယ်၊ ဗဟုသုတလည်းရချင်တယ်ဆိုရင်ဖြင့် ဒီဇာတ်ကားလေးကိုကြည့်သင့်ပါကြောင်း... File size…1.5GB/ 666MB Quality… WEB-DL1080P / 720p Format…mp4 Duration….1h 38m Genre ….. Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder… Phyo Pyae Translated by Yee Wai