
Jee Ve Sohneya Jee (2024) ရှင်သန်နေထိုင်လိုက်ပါ အချစ် IMDb 6.6/10 အလီပါဗစ်ဇ်က ကမ္ဘာအနှံ့ခြေဆန့်လို့ သူ့ဆိုင်ကယ်လေးနဲ့ ဦးတည်ရာမရှိ ခရီးသွားချင်သူ ပါကစ္စတန်သား တစ်ဦးပါသူတစ်ခါခရီးထွက်ရင် လနဲ့ချီကြာလို့ မိသားစုနဲ့ပါ အဆက်အသွယ်ဖြတ်တတ်ပါတယ် တစ်နေ့တော့သူ့အိမ်က ဖုန်းဝင်လာလို့ ကိုင်လိုက်ချိန်မှာ သူ့အမေရဲ့စကားတစ်ခွန်းက သူ့ဘဝကိုအလှည့်အပြောင်း ဖြစ်စေလာပါတော့တယ် အဲဒါကတော့ သူတို့မိသားစုပိုင်စက်ရုံ မီးလောင်သွားဝာာပါ ပြာကလွဲလို့ဘာမှမရှိတော့တဲ့အခါ ပြန်လည်နလံထူဖို့ ခက်ခဲခဲ့ပါတော့တယ် အဲဒီလိုကြပ်တည်းနေချိန်မှာ သူ့ဖခင်ရဲ့စီးပွားရေး ပါတနာက သူ့သမီးလေးနဲ့ အလီပါဗစ်ဇ်ကို စေ့စပ်ပေးပြီးတော့ သူတို့စီးပွားရေးကိုလည်း ပြန်လည်ကူညီပေးခဲ့ပါတယ် အလီပါဗစ်ဇ်ကိုလည်း စေ့စပ်ပွဲပြီးရင် လန်ဒန်မှာကိုယ့်ဘာသာရပ်တည်နိုင်ဖို့ ကူညီပေးခဲ့ပြန်ပါတယ် ဒီလိုနဲ့ delivery သမားဘဝနဲ့ရုန်းကန်ဖို့ လန်ဒန်ကို ထွက်လာခဲ့ပါတော့တယ် အဲဒီအချိန် အလီပါဗစ်ဇ်နဲ့မယ်ဟာတို့နှစ်ဦး တွေ့ဖို့အကြောင်းဖန်လာပါတယ် မယ်ဟာက ပညာသင်ဆုရ ကျောင်းသူလေးတစ်ဦးဖြစ်သလို ကင်မရာတစ်လုံးနဲ့ တစ်ကိုယ်တည်း ခရီးသွားရတာ ကြိုက်နှစ်သက်သူ အိန္ဒိယသူလေးပေါ့ သူငယ်ချင်းတွေကြားထဲလည်း သူ့ကို ဟစ်ပီလို့ခေါ်ရတဲ့အထိ တစ်ကိုယ်တော်စွန့်စားချင်သူလေးပါ သူ့ဘဝမှာ စာအုပ်ရယ် ဂီတရယ် ခရီးထွက်ဖို့ဝါသနာအပြင်ကလွဲရင် တခြားစိတ်ဝင်စားမှု မရှိပါဘူး မိဘကအိမ်ထောင်ချပေးဖို့ စီစဉ်နေတာမို့လည်း ဒီကိစ္စနဲ့ပတ်သတ်ပြီး အိမ်နဲ့အမြဲရန်ဖြစ်နေတုန်းပါ လူမျိုးဘာသာတွေမတူတဲ့အပြင် ဘဝအခြေအနေတွေပါ မတူကွဲပြားနေတဲ့သူတို့နှစ်ယောက် ဘယ်လိုဆုံစည်းလို့ ဘယ်လိုရှေ့ဆက်မှာလဲ သူတို့ရဲ့ဘဝအသီးသီးကရော ဘယ်လိုဆက်ဖြစ်မလဲ နိုင်ငံခြားတိုင်းပြည်မှာ ရုန်းကန်လှုပ်ရှားရတဲ့ဘဝကရော ဘယ်လိုဖြစ်မလဲ ဒါတွေကိုသိမြင်ခံစားရဖို့ ဒီဒရမ်မာလေးကို အတူစီးမြောကြည့်ရှုကြရအောင်ပါ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.2 GB | Download | |
| 1080p | 2.2 GB | Download | |
| 1080p | 2.2 GB | Download | |
| 1080p | 2.2 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download |
ထုတ်လွှင့်သည့်နေ့
February 16, 2024
ကြာချိန်
2h 21m
အဆင့်သတ်မှတ်ချက်
6.6 / 10
Director
Nasir Zaman