
Je Jatt Vigarh Gya (2024)”တုံးတိုက်ကျားကိုက်” ===================================== ပေါလိဝုဒ် ရုပ်ရှင်လောကထဲမှာ တော်တော်လေးနာမည်ကြီးတဲ့ မင်းသား ဂျေးရန်ဒဝါရဲ့ အသစ်ထွက်ရှိထားတဲ့ ပန်ချာပီစကားပြော ရုပ်ရှင်ကို ပရိသတ်တွေအတွက် CM Bollywood Team ကနေ ထပ်မံတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့.. ဂျေးရန်ဒဝါသရုပ်ဆောင်ထားတဲ့ဇာတ်ကောင် ဇာတ်လိုက်ဖြစ်သူ ဒလေဟာ ဟုတ်လည်းမခံ၊ မဟုတ်လည်းမခံတဲ့ တစ်ရွာလုံးနဲ့မတည့်တဲ့ ဆတ်ဆတ်ကြဲ ဖိုက်တာတစ်ယောက်ဖြစ်ပါတယ်။ သူဟာ သူ့မျက်စိထဲ အချိုးမပြေသမျှ ဝင်ဝင်ဆုံးမတတ်လို့ သူတို့ရွာမှာဆိုရင် သူထိုးတာမခံဖူးတဲ့ယောက်ျားလေးတွေကို တစ်ရွာလုံးက နှိမ်ကြတဲ့အထိပါပဲ။ အဲဒီလို အိန္ဒိယရုပ်ရှင်ဇာတ်လိုက်တွေရဲ့ ဝိသေသတွေနဲ့ပြည့်စုံနေတဲ့ ဒလေဟာ သူတပါးကို ကူညီရင်း အင်မတန်မှအကျင့်ပျက်ခြစားနေတဲ့ ဆေးရုံကြီးတစ်ခုဖွင့်ထားတဲ့ နိုင်ငံရေးသမားကြီးတွေနဲ့ ငြိသွားတဲ့အခါ ကြမ်းပုံရမ်းပုံတွေကို ပရိသတ်တွေ မြင်တွေ့ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)