Preparing your cinema experience...

Jatt Nuu Chudail Takri 2024 ချစ်ရပါသောမာယာရှင် IMDb-5.0/10 အိမ်ထောင်သည်သူငယ်ချင်းများကြားက လူလွတ်အမောင်ဂျာလာလူကတော့ သူငယ်ချင်းတွေကို ကွာရှင်းဖို့တိုက်တွန်းတတ်တဲ့ အဖွဲ့ထဲကဇိုးတစ်ကောင်ပေါ့။ တိုတောင်းလှတဲ့ဘဝကြီးမှာ စုန်းမနဲ့တူတဲ့ မာယာများတဲ့ မိန်းမဆိုတာ တစ်ယောက်တည်းထားရတာ မတန်ဘူး လိုက်ပွဲလေးတွေနဲ့ပျော်ပါးရမှာဆိုပြီး ဂျင်းသိပ်ကောင်းလို့ သူငယ်ချင်းတွေလည်း သူနဲ့စော်ကြူရင်း မိန်းမဆီမှာ အတွယ်ခံရတာပေါ့။ ဒီလိုနဲ့ အလံနီကောင်ဆိုးလေး ဂျာလာလူရဲ့ဘဝထဲက ရာနီဆိုတဲ့မိန်းမချောလေး ဝင်ရောက်လာပြီးတော့ အိပ်မက်ထဲအထိပါစိုးမိုးပြီး တစ်ကိုယ်တော်ဝါဒီကို ချေချွတ်ပြီးသကာလမှာ၊ ရာနီက တကယ်ပဲ စုန်းမလေးဖြစ်နေတာကို တစ်စတစ်စ သတိထားမိလာချိန်မှာတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)