
တကယ်လို့ကိုယ်က မိန်းကလေးတစ်ယောက်ဖြစ်နေပြီး ဆွေမျိုးမိဘကရော ပတ်ဝန်းကျင်အသိုင်းဝိုင်းကရော ရှေးရိုးစွဲဖြစ်နေတဲ့ နေရာမျိုးမှာ ကွန်ဒုံးရောင်းရမယ်ဆိုရင် .... ကိုယ်ရည်မှန်းထားတဲ့အလုပ်နဲ့ ကိုယ်လုပ်နေရတဲ့အလုပ် မကိုက်လို့စိတ်ညစ်နေလား ဒါမှမဟုတ် ကိုယ်လုပ်နေရတဲ့ အလုပ်အပေါ် မကျေမနပ်ဖြစ်နေပါသလား ဒီရုပ်ရှင်လေးကိုစီးမျောခံစားရင်း သင်ခန်းစာနဲ့ ခွန်အားရယူဖို့တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း =============== မာစတာဘွဲ့ပါရထားပေမယ့် ထူထပ်လွန်းတဲ့ လူဦးရေနဲ့အိန္ဒိယမှာ အလုပ်ရဖို့ခက်နေတဲ့ မိန်းကလေးတစ်ယောက်.. အများလိုအချိန်တန်အရွယ်ရောက်အိမ်ထောင်ပြုပြီး လင်ယောက်ျားပေါ်မှီခိုရမယ့်ဘဝမှာမနေချင်တဲ့အမှီအခိုကင်းသူဖြစ်ချင်တဲ့ မိန်းကလေးတစ်ယောက်.. ကွန်ဒုံးကုမ္ပဏီမှာ အလုပ်ရဖို့ဖြစ်လာပြီး ကွန်ဒုံးရောင်းရဖို့ မားကတ်တင်းဆင်းရတဲ့အခါ… ရှေးရိုးစွဲအယူဝါဒတွေမပျောက်ပျက်သေးတဲ့နယ်မြေမှာ ကွန်ဒုံးရောင်းဖို့ ဘယ်လိုအခက်အခဲတွေတွေ့ရမလဲ အချစ်နဲ့ဆုံတွေ့တဲ့အချိန်မှာလည်း ဘယ်သူမှမလုပ်တဲ့အလုပ်ကို လုပ်နေသူတစ်ယောက်မို့ ဘယ်လိုပြဿနာရင်ဆိုင်လာရမလဲ။ ကိုယ့်ရဲ့ရည်မှန်းချက်အတွက် မိသားစုဖိအား အသိုင်းအဝိုင်းဖိအားတွေကို ဘယ်လိုကျော်ဖြတ်မယ်ဆိုတာကို ဇာတ်လမ်းအစကတည်းက ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ စိတ်ဝင်စားအောင်ဆွဲခေါ်သွားနိုင်မယ့် comedy-drama film လေးဖြစ်လို့ ဘောလိဝုဒ်ပရိသတ်များ လိုက်ပါစီးမျောခံစားကြည့်ဖို့အကြုံပြုပေးလိုက်ပါတယ်။ File size…2.07GB / 1.04GB Quality…1080p WEB DL AAC2.0Ch / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lai Laii ~ Lwin Htoo Aung ~ Go-O ~ K-Mon
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |