
It’s Quieter in the Twilight (2022) ========================= IMDb Rating – 7.8/10 အာကာသထဲမှာရှိတဲ့ဂြိုဟ်တွေအကြောင်း စိတ်ဝင်စားကြတဲ့သူတွေ၊ အထူးသဖြင့် တိုးတက်နေတဲ့ သိပ္ပံနည်းပညာတွေနောက်ကို လိုက်နေ ကြတဲ့သူတွေအဖို့ ဒီမှတ်တမ်းရုပ်ရှင်က ရတနာသိုက်တစ်ခုပါပဲ။ ပေး ရတဲ့အချိန်နဲ့ တန်တဲ့ information တွေ knowledge တွေကို ရချင် တယ်ဆိုရင်တော့ must watch ပါပဲလို့ ထပ်ပြီးညွှန်းပေးချင်ပါတယ်။ 1977 ခုနှစ်မှာ NASA က Jupiter နဲ့ Saturn ဂြိုဟ်နှစ်လုံးကို စူးစမ်း လေ့လာဖို့အတွက် Voyager 1 နဲ့ Voyager 2 ဆိုတဲ့ အာကာသယာဉ် နှစ်စင်းကို လွှတ်တင်ခဲ့ပါတယ်။ ပထမမစ်ရှင်ကတော့ ဒီဂြိုဟ်နှစ်လုံးကို လေ့လာဖို့အတွက်ပါပဲ။ ဒါပေမဲ့ Jupiter ရဲ့ လပေါ်မှာ မီးတောင်ရှင်တွေ ရှိနေတာရယ်၊ Saturn ရဲ့ ကွင်းတွေကြားက ရှုပ်ထွေးမှု ပုံသဏ္ဍာန်တွေ ကြောင့် ထပ်ဆောင်းမစ်ရှင်တွေ ရှိလာခဲ့ပါတယ်။ Voyager 2 က Uranus, Neptune ဂြိုဟ်တွေနဲ့ တွေ့ဆုံမှုကို အောင်မြင် သွားပြီး ထပ်မံစူးစမ်းလေ့လာမှုတွေ ပြုလုပ်နိုင်ခဲ့တယ်။ သူကတော့ ပြင်ပ ဂြိုဟ်တွေဆီ သွားရောက်နိုင်ခဲ့တဲ့ တစ်စင်းတည်းသော အာကာသယာဉ် အဖြစ် အခုချိန်ထိ ရပ်တည်နေတုန်းပါ။ ဒါ့အပြင် 2012 August လမှာ Voyager 1 က interstellar space ထဲကို ဝင်ရောက်နိုင်ခဲ့ပြီး၊ 2018 November လမှာတော့ Voyager 2 က ဆက်လက်ဝင်ရောက်နိုင်ခဲ့ပါ တယ်။ ဒီမှတ်တမ်းရုပ်ရှင်မှာတော့ အခုလိုအောင်မြင်ခဲ့တဲ့ မစ်ရှင်တွေရဲ့ နောက်ကွယ်က Voyager အဖွဲ့သား သိပ္ပံပညာရှင်တွေရဲ့ ကြိုးစားအား ထုတ်မှုတွေကို တွေ့မြင်ကြရမှာပါ။ မစ်ရှင်တွေအကြောင်း အသေးစိတ် ရှင်းပြချက်တွေနဲ့အတူ အဖြေရှာရခက်တဲ့ အာကာသထဲက ပုစ္ဆာတွေအ ကြောင်းလည်း မျက်မြင်တွေ့ရပါလိမ့်မယ်။ (ပရိသတ်တို့ စိတ်ဝင်စားကြမယ်ဆိုရင်တော့ Voyager နှစ်စင်းရဲ့ အကွာ အဝေးတွေ၊ ပတ်လမ်းတွေကို Voyager JPL NASA website ကနေ တိုက် ရိုက်ကြည့်ရှုလို့ရတဲ့အကြောင်း သတင်းပါးလိုက်ချင်ပါတယ်။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.8 GB) / (550 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 23Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary Translator……May Thet Khine Soe Encoder……….SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.8 GB | Download | |
| 1080p | 1.8 GB | Download | |
| 1080p | 1.8 GB | Download | |
| 1080p | 1.8 GB | Download | |
| 1080p | 1.8 GB | Download | |
| 1080p | 1.8 GB | Download | |
| 720p | 550 MB | Download | |
| 720p | 550 MB | Download | |
| 720p | 550 MB | Download | |
| 720p | 550 MB | Download | |
| 720p | 550 MB | Download | |
| 720p | 550 MB | Download |
ထုတ်လွှင့်သည့်နေ့
March 13, 2022
ကြာချိန်
1h 23m
အဆင့်သတ်မှတ်ချက်
7.8 / 10
Director
Billy Miossi