
အခုတစ်ခါမှာတော့ IMDb 6.2 အထိရရှိထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါ့မယ်။ ပြုသမျှနုရ..လုပ်သမျှခံရတဲ့ မိန်းသားတစ်ယောက်ရဲ့ဘဝဇာတ်ကြောင်းလေးပေါ့။ အဆိုပါ မိန်းမသားလေးဟာ စိတ်ကျန်းမာရေးဝေဒနာကိုပါ ခံစားနေရတဲ့အခါ သူမရဲ့ဘဝဟာ ရေစုန်မျောဖို့ပဲ ကျန်တော့တာပေါ့။ ဒီဇာတ်ကားလေးမှာ ဇာတ်လိုက်မင်းသမီးက စိတ်ကစဉ့်ကလျားရောဂါကို ခံစားနေရတဲ့ ရောဂါဝေဒနာသည်လေးပါ။ ငယ်စဉ်ကတည်းက ခါးသီးလှတဲ့ဘဝကို ကျော်ဖြတ်ခဲ့ရလို စိတ်ဒဏ်ရာကြီးကြီးမားမားရသွားခဲ့ခြင်းဖြစ်ပါတယ်။ သူမဟာ တစ်ခါတလေ ကလ်ပနားဖြစ်သွားလိုက် တစ်ခါတလေ လိုင်လာဖြစ်သွားလိုက်နဲ့ လူတစ်ကိုယ် စိတ်နှစ်မျိုးဖြစ်နေခဲ့ပါတယ်။ ဒီလိုမိန်းမသားတစ်ယောက်ရဲ့ဘဝကို ချဉ်းကပ်လာတဲ့လူတွေဟာလည်း လူကောင်းတွေဟုတ်မနေခဲ့ပါဘူး။ သူမရဲ့ပဟေဠိဆန်လှတဲ့ ဘဝဇာတ်ကြောင်းနဲ့ သူမအပေါ်တကယ် ရိုးရိုးသားချစ်ပေးနိုင်ပြီး စောင့်ရှောက်ပေးနိုင်မယ့်သူ ပေါ်လာနိုင်မလား...။ ကြမ်းတမ်းလှတဲ့ ဘဝခရီးလမ်းကို ဘယ်လိုဆန်းကြယ်မှုတွေနဲ့ ကျော်ဖြတ်ခဲ့ရလဲဆိုတာကိုတော့ မိန်းမသားတစ်ယောက်ရဲ့နေရာကနေ ခံစားပြီး ကြည့်ရှုပေးကြပါဦးနော်လို့ ညွှန်းဆိုပေးလိုက်ပါတယ်။ File size…2.5GB / 1.1GB Quality…1080p WEB RIP /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor