
ကျွန်တော်တို့လူငယ်တွေရဲ့ ငယ်ဘဝအသည်းစွဲဖြစ်တဲ့ ကိုယ်ခံပညာရှင် အိုင်ပီမန်း မင်းသားကြီး ဒွန်နီယန်ရဲ့ ငယ်ရွယ်စဉ်ကာလမှာ ရိုက်ကူးခဲ့တဲ့ ကိုယ်ခံပညာအက်ရှင်ဇာတ်ကားလေးပဲဖြစ်လို့ သေချာပေါက် ကြည့်ရှုသင့်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဒီဇာတ်ကားမှာတော့ တရုတ်ပြည်ကို ဂျပန်တွေသိမ်းပိုက်ထားတဲ့ကာလမှာ ကျောက်စိမ်းကျားဆိုတဲ့ လူမိုက်ဂိုဏ်းခေါင်းဆောင်ဟာ လက်နက်တွေကို မှောင်ခိုသွင်းယူပြီးတော့ ဂျပန်တွေနဲ့ လက်ဝါးချင်းရိုက်ကာ အကျင့်ပျက်ခြစားလို့နေပါတယ်။ ဒီအချိန်မှာ သံမဏိမျောက်ဆိုတာကတော့ အားလုံးက ဟိုလေးတကျော်သိကြပြီး မကောင်းမှုတွေကို တိုက်ဖျက်တားဆီးနေတဲ့ ကိုယ်ခံပညာရှင်ဖြစ်ပါတယ်။ အဲမြို့ကြီးမှာ စုကျင်နဲ့ ရှောင်ချန်းဆိုတဲ့ လူတွေကို အမျိုးမျိုးပတ်လိမ်ကာ ငွေချူစားနေတဲ့ မိဘမဲ့စုံတွဲဖြစ်ပြီး သူတို့ဟာ တောကတက်လာပြီး အနဖေဖြစ်သူကိုလာရှာတဲ့ တန်ဆိုတဲ့ ကိုယ်ခံပညာရှင်လူရွယ်တစ်ယောက်ကို တစ်ပတ်ရိုက်တာ သေနတ်မှောင်ခိုတင်လာတဲ့ကားကို ဖြတ်လုပါတော့တယ်။ ဒီအချိန်မှာ သံမဏိမျောက်၊ မိဘမဲ့စုံတွဲနဲ့ အဖေလာရှာတဲ့ တန်တို့ ဘယ်လိုဇာတ်ထုပ်နဲ့ ကျောက်စိမ်းကျားတို့ရဲ့ ဒုစရိုက်မှုတွေကို ဘယ်လိုတားဆီးကြမလဲဆိုတာကို အရသာခံ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(2.1)/(1.2 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:32:00 Genre… Action Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo