
ဆန်းဆန်းပြားပြားမိစ္ဆာအတတ်တွေနဲ့ သိုင်းကားလေးတစ်ကားလာပါပြီ။ ထန်ခေတ်ကာလမှာ ကိုယ်ပျောက်ကိုယ်ရံတော်ဆိုတဲ့ အထူးအဖွဲ့အစည်းတစ်ခုရှိခဲ့တယ်။ တရားရေးဌာနအတွက်အမှုထမ်းရပေမယ့် အပယ်ခံအပြစ်သားတွေနဲ့ဖွဲ့ထားတဲ့ အဖွဲ့အစည်းတစ်ခုပါပဲ။ ပိုးမိစ္ဆာတွေကိုကြိုးကိုင်ထိန်းချုပ်ပြီး လူသတ်မှုတွေဖြစ်ပွားလာတော့ အပယ်ခံကိုယ်ပျောက်ကိုယ်ရံတော်အဖွဲ့ရဲ့တပ်မှူးPeiဟာ အမှုကိုအဖြေရှာရင်း သပွတ်အူလိုရှုပ်ထွေးတဲ့ မှုခင်းဖြစ်စဉ်ထဲကိုရောက်သွားပါတော့တယ်။ တစ်ချိန်တည်းမှာပဲ အဖေကိုသတ်သွားတဲ့တရားခံကိုလိုက်ရှာနေတဲ့ မိန်းကလေး Han chu yiဟာ တရားခံကိုခြေရာမခံမိပဲ ရန်သူလိုက်သတ်တာခံရလို့ပြေးရင်းနဲ့ Pei တွေ့ဆုံဖို့အကြောင်းဖန်ပြီး သူတို့ဟာပူးပေါင်းပြီး ဖြစ်လာတဲ့အခက်အခဲတွေကိုရင်ဆိုင်ကြပါတယ်။ သူတို့မသိတာကတော့ သူတို့ကိုစောင့်နေခဲ့တာ ပိုပြီးဆိုးရွားတဲ့ စုန်းဘုရင်ကြီးဆိုတာပါပဲ။ Pei ဟာ စုန်းဘုရင်ကြီးကိုဘယ်လိုရင်ဆိုင်ပြီး ပြည်သူတွေကိုဘယ်လိုကယ်မလဲဆိုတာတော့ အဆုံးထိကြည့်ရှုအားပေးလိုက်ပါနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Mystery Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK