
"ပင့်ကူတွေ ပိုးတောင်မာတွေ ပုရစ်တွေကျတော့ပျော်မြူးနေကြပြီး... ပိုးဟပ်တွေကျတော့ ချောင်ထဲမှာ...ပုရွက်ဆိတ်တွေဆိုလည်း အမှိုက်သမားလေးတွေကိုဖြစ်လို့...မတရားဘူးကွ ပြောင်းလဲပစ်ရမယ်" ။ အင်းဆက်တွေကြားထဲမှာတောင် မညီမျှမှုတွေကိုယ်စီရှိနေတာကို မခံစားနိုင်တော့တဲ့ ကျိုင်းကောင် Red ကတော့ တရားမျှတမှုကို နည်းလမ်းမှားနဲ့ဆောင်ကျဉ်းပေးဖို့ ကြံစည်နေတဲ့ ရာဇဝတ်ကောင်အကြီးစားကြီးပေါ့။ Red ရဲ့ကျိုင်းအုပ်ကို သက်ဆိုးမရှည်အောင် စက်ရုံကြီးတစ်ခုလုံးကိုဖောက်ခွဲပြီး အပျောက်ဖမ်းမိတဲ့ စုံထောက် Sun ခမျာမှာတော့ ထမ်းပိုးထက်လက်ခကြီးပြီး မျက်နှာမရခြေထောက်ရ ဆိုသလို ရာထူးတိုးရမယ့်အစား အလုပ်ပါနားခံလိုက်ရပါတယ်။ အလုပ်ပြုတ်လို့ဘူပြီး New York ကို အပန်းဖြေခရီးလေးထွက်ဖို့လုပ်ခါရှိသေး ...အနောက်ကနေတကောက်ကောက်လိုက်တဲ့ fan အကြီးစားတစ်ယောက်ဝင်ရှုပ်လို့ လေယာဉ်လွတ်သွားပြီး San Fransisco လေယာဉ်ကိုပဲ ဘော်ဒါတစ်ယောက် ဒကာခံကောင်းမှုနဲ့ တက်လိုက်ခွင့်ရလိုက်ပါတယ်။ စုံထောက်ကံမကုန်သေးတဲ့ Sun အတွက် ရေကန်အသင့်ကြာအသင့်ဆိုသလို နာမည်ကောင်းပြန်ရစေမယ့် အခွင့်အရေးတစ်ခု မျက်စိလည်လာရတာကတော့ လေယာဉ်ပေါ်က လက်သည်မပေါ်တဲ့ လူသတ်မှုတစ်ခုကြောင့်ပါပဲ။ ဒါပေမယ့် ထင်သလောက်မရိုးရှင်းတဲ့အမှုမှာ သေဆုံးသူကတော့ Red ရဲ့ သိပ္ပံပညာရှင်ဟောင်းဖြစ်နေတဲ့အပြင် သံသယရှိသူတွေကလည်း တောင်လိုပုံပြီး ယုန်ထင်ကြောင်ထင်ဖြစ်နေရတဲ့ အခြေအနေမှာ ... လေယာဉ်ပေါ်ခိုးလိုက်လာတဲ့လူက Sun ကိုလေးစားတဲ့ စုံထောက်ဝါသနာရှင်ပင့်ကူမလေးအပြင် တခြားအန္တရာယ်ရှိ အင်းဆက်တွေအများကြီးရှိနေသေးတာကို သိလိုက်ရတဲ့အခါ... အတော်ကိုမှခေါင်းစားရတဲ့ မှုခင်းဇာတ်လမ်းလေးကို plot twist ကောင်းကောင်းလေးတွေ အခွီဇာတ်ဝင်ခန်းလေးတွေနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Hnin Wut Yi ပါ။) File Size : 2.3GB, 909MB, 526MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr 28mins Genre : Animation Translated by Hnin Wut Yi Encoded by Kinnov
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.3 GB | Download | |
| 720p | 909 MB | Download |