
ဒီဇာတ်ကားက ဗီယက်နမ်စကားပြောရုပ်ရှင်ဖြစ်ပြီး ဗီယက်နမ်ဒါရိုက်တာ Phạm Thiên Ân ရဲ့ပွဲဦးထွက်ရုပ်ရှင်ဖြစ်ပါတယ်။ သဘာဝတရား၊ ယုံကြည်ခြင်းနဲ့ စိတ်ဝိညာဉ်ကိုပြန်လည်ရှာဖွေခြင်း အငွေ့အသက်တွေထုံလွှမ်းထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ Cannes ရုပ်ရှင်ပွဲတော်မှာ Camera d’or ဆုကိုဆွတ်ခူးခဲ့တဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဆိုင်းဂုံမြို့ (ဟိုချီမင်းမြို့)မှာနေတဲ့ Thiên ဆိုတဲ့လူငယ်တစ်ယောက်ဟာ မရီးဖြစ်သူ အက်ဆီးဒင့်တစ်ခုမှာသေဆုံးပြီးနောက် ရုပ်အလောင်းကိုမွေးရပ်မြေတောင်တန်းဒေသကို ပြန်ပို့ပေးဖို့အကြောင်းဖန်လာပါတယ်။ Thiên ကလေးဘဝမှာနေထိုင်ခဲ့တဲ့တောင်ပေါ်ကျေးလက်ဒေသကို မရီးရဲ့ကျန်ရစ်သူ သားဖြစ်တဲ့ ငါးနှစ်သားကလေးငယ်နဲ့အတူ ပြန်သွားပြီးခေတ္တနေထိုင်ဖြစ်ခဲ့ပါတယ်။ ဒီအတောအတွင်းမှာ ဒေသခံတွေရဲ့ဘာသာရေးယုံကြည်မှုတွေနဲ့သဟဇာတဖြစ်ဖို့ ရုန်းကန်နေရတဲ့ Thiên ရဲ့ အဇ္ဈတ္တလွန်ဆွဲမှုနဲ့အတူ ကွယ်လွန်သူမရီးရဲ့ ခင်ပွန်းဖြစ်တဲ့ Thiên ရဲ့ပျောက်ဆုံးနေတဲ့အစ်ကိုကို စုံစမ်းရပုံတို့ကို ရိုးရှင်းစွာတင်ဆက်ထားတာဖြစ်ပါတယ်။ ကြားထဲမှာ အဆက်အစပ်သိပ်မရှိလှတဲ့ အဖြစ်အပျက်တွေနဲ့အတူ အတိတ်ကိုတူးဆွခြင်း ယုံကြည်မှုကိုပြန်လည်ရှာဖွေခြင်းသဘောတရားတွေကို ထည့်သွင်းပုံဖော်ထားပါတယ်။ ဇာတ်လမ်းက ရိုးရှင်းပေမဲ့ Cinematography ကတော့ဆန်းပြားလှပပြီး ရုပ်ရှင်ဝေဖန်သူတွေ ချီးမွမ်းခံရတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ Cannes အပြင် တခြားသောရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေရရှိခဲ့ပါတယ်။ ဇာတ်လမ်းအမျိုးအစားက Drama/Narrative ဖြစ်ပါတယ်။ ဒိုင်ယာလော့ဂ်နည်းပြီး visual ပိုင်းကိုအသားပေးထားတာဖြစ်သလို ရှည်လျားတဲ့ရိုက်ချက်တွေနဲ့ သမာရိုးကျမဟုတ်တဲ့တင်ပြပုံကြောင့်လည်း ဒီဇာတ်ကားကို ရုပ်ရှင်ဝေဖန်သူတွေအကြိုက်တွေ့ခဲ့တာဖြစ်ပါတယ်။ ဗီယက်နမ်တောင်ပေါ်ကျေးလက်ဒေသရဲ့ လှပတဲ့ရှုခင်းတွေကိုလည်းမြင်တွေ့ရမှာပါ။ ဇာတ်လမ်းက တချို့ပရိသတ်တွေအတွက် ပျင်းရိစရာကောင်းနိုင်ပေမဲ့ Cinematography နဲ့တင်ကြည့်ရတန်နေပြီလို့ဆိုနိုင်ပါတယ်။ Art House ရုပ်ရှင်တွေကိုနှစ်သက်သလို အချိန်လည်းပေးပြီး စိတ်အေးလက်အေးကြည့်ရှုခံစားနိုင်တဲ့ပရိသတ်တွေ ကြည့်ရှူသင့်တဲ့ဇာတ်ကားပါ။ File size…(3 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:59:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vader