
ပါးမိသားစုဝင်တွေဖြစ်တဲ့ ဘော့ဘ်၊ ဟယ်လန်၊ ဒက်ရှ်၊ ဗိုင်အိုလက်နဲ့ ဂျက်ဂျက်တို့ဟာ သူတို့ရဲ့ စူပါဟီးရိုးဝိသေသ The Incredibles အဖြစ်နဲ့ ဆက်ပြီးရှိ နေခဲ့ပါတယ်။ မက်ထရီဗစ်လီ ဘဏ်ဓားပြတိုက်မှုကို မကာကွယ်နိုင်တဲ့နောက်မှာတော့ အာဏာ ပိုင်တွေဟာ စူပါဟီးရိုးတွေအပေါ် ယုံကြည်မှုတွေ နည်းပါးလာတာ မို့ ကမ္ဘာအနှံ့မှာရှိနေတဲ့ စူပါဟီး ရိုးတွေဟာ မထင်မရှားနေခဲ့ရပါ တယ်။ တစ်ရက်မှာတော့ ဘော့ဘ်၊ ဟယ်လန်နဲ့ သူတို့ရဲ့ မိတ်ဆွေ လူစီရက်စ်ဘက်စ် (စူပါဟီးရိုး Forzone) ဆီကို စူပါဟီးရိုးတွေ ကို သဘောကျတဲ့ ဆက်သွယ်ရေး လုပ်ငန်းရှင်၊ DEVTECH ပိုင်ရှင် ဝင်စတန်ဒီဗာက ဆက်သွယ်လာ ခဲ့ပါတယ်။ စူပါတွေ လူထုရဲ့ အားပေးမှုပြန်ရအောင်လို့ စတန့် အစီအစဉ်တွေပါဝင်ဖို့ ကမ်းလှမ်း တာလည်း ဖြစ်ပါတယ်။ အဲဒါနဲ့ ဟယ်လန်ဟာ Elastigirl ဆိုတဲ့ စူပါဟီးရိုးနာမည် ဟောင်းနဲ့ပဲ ပါဝင်ဖို့ လက်ခံခဲ့ပါ တယ်။ ဝင်စတန်က ပါးမိသားစု အိမ်သစ်အထောက်ပံ့ပေးခဲ့ပြီး ဟယ်လန်စတန့်အစီအစဉ်အ တွက် သွားနေရင် အိမ်မှာကလေး တွေ ကြည့်ဖို့တာဝန်ကို ဘော့ဘ် က ယူခဲ့ရပါတယ်။ ကလေးတွေနဲ့ နေရင်း ဘော့ဘ်ဟာ အငယ်ဆုံးလေးဂျက် ဂျက်ဆီမှာ စူပါပါဝါမျိုးစုံရှိနေ တယ်ဆိုတာ သတိထားမိခဲ့ပါ တယ်။ ဘော့ဘ်ဟာ ဂျက်ဂျက်ကို စူပါဟီးရိုးအဝတ်အစားဒီဇိုင်နာ အက်ဒ်နာဆီ ခေါ်သွားခဲ့ပြီး ဂျက် ဂျက်ရဲ့ အစွမ်းတွေကို ကြည့်ရှုစေ ခဲ့ပါတယ်။ ဟယ်လန်ဟာ ဝင်စတန်ရဲ့ စူပါစတန့်အစီအစဉ်မှာ ပါဝင်နေ ရင်း မသင်္ကာစရာအခြေအနေ တစ်ခုကို သတိထားမိခဲ့ပါတယ်။ စူပါဟီးရိုးတွေကို အသုံးချပြီး ပြည်သူတွေကို အယူအဆလွဲမှား အောင် လုပ်နေတာမို့ လူထုကို သတိပေးဖို့ လုပ်နေတုန်း ဝင် စတန်ရဲ့ ညီမဖြစ်တဲ့ အီဗလင်းက ဟယ်လန်ကို ဒုက္ခပေးသလို ဘော့ဘ်နဲ့ လူစီရက်စ်တို့ကိုလည်း ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ပါ တော့တယ်။ အဲဒါနဲ့ အက်ရှ်၊ ဗိုင်အိုလက် နဲ့ ဂျက်ဂျက်တို့ မောင်နှမသုံး ယောက်ကို အက်ဒ်နာက စူပါဟီး ရိုးဝတ်စုံတွေ စီစဉ်ပေးခဲ့ပြီး သူတို့ အဖေနဲ့ အမေကို ကယ်တင်ဖို့ ဒက်ရှ်တို့တစ်တွေ ကြိုးပမ်းခဲ့ပါ တယ်။ စူပါဟီးရိုးပေါက်စသုံး ယောက်က သူ့မိဘတွေကို ဘယ် လိုနည်းလမ်းတွေနဲ့ ကယ်တင်မှာ လဲ၊ Incredibles မိသားစုအနေနဲ့ အီဗလင်းတို့ရဲ့ အဖျက်အမှောင့် အကြံအစည်ကို ဘယ်လိုတွေတုံ့ ပြန်မှာလဲ၊ စူပါဟီးရိုးတွေရဲ့ ဂုဏ် ပုဒ်ကို ပြန်အဖတ်ဆယ်နိုင်ပါ့ မလားဆိုတာတော့ ဆက်ကြည့် လိုက်ဦးနော်။ ကလေး၊ လူကြီး ပရိသတ် အရွယ်စုံသဘောကျမယ့် ဒီဇာတ် ကားလေးမှာ အသံသရုပ်ဆောင် ပေးထားသူတွေက ခရစ်ဂ်တီ နယ်လ်ဆင်၊ ဟိုလီဟန်တာ၊ ဆာ ရာဗောင်းဝဲလ်၊ ဟက်ခ်မစ်လ်နာ၊ ဆမ်မြူရယ်အယ်လ်ဂျက်ဆင်၊ ဘရတ်ဘတ်၊ ဘော့ဘ်အိုဒန်ကစ်၊ ကက်သရင်းကီနာ စသူတွေပဲ ဖြစ် ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ 7daydaily Website မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (1.7 GB) Quality : Blu-Ray 1080p 5.1 CH x264 Running Time : 1h 58min Format : Mp4 Genre : Animation , Action , Adventure Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-SECTOR7 Translated by Zuel Khant Thwin Encoded by Thanhtike Zaw