
မြန်မာပြည်မှာ ဟောင်ကောင်ဂျက်မလို့ လူသိများကြတဲ့ ဇာတ်ကားတွေကို ပြန်လည်တင်ဆက်သွားပါ့မယ် ဟောင်ကောင်ဂျက်မဆိုတာက အဲ့ချိန်တုန်းကမြင်ရခဲတဲ့ ဆံပင်တိုတိုနဲ့ ဟောင်ကောင်ရဲမေစုံထောက် ကွန်ဖူးဖိုက်တာတွေကို ဆိုလိုတာပါ… ဇာတ်ကားအများစုကို မီရှဲယိုနဲ့ Cynthia Khan တို့အဓိက သရုပ်ဆောင်ခဲ့ကြပါတယ်။ ဂျက်မ Franchise အဖြစ် နာမည်ကြီးကြတာတော့ In The Line of Duty ဆိုတဲ့ဇာတ်ကားတွေပါပဲ။ ဟောင်ကောင်ရဲ့ ရုပ်ရှင်ရွှေခေတ်မှာ နာမည်ကြီးခဲ့ကြတဲ့ မင်းသားမင်းသမီးအကုန်နီးပါး ဒီ Franchise ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ကြပါတယ်။ ၁၉၉၀ ခုနှစ်လောက်က ဇာတ်ကားတွေဆိုပေမယ့် အခုချိန်ထိ ခေတ်မီနေပြီး သွက်လက်တဲ့ Action တွေကို ခံစားရမှာပါ။ ဂျက်ကီချန်းရဲ့ဇာတ်ကားတွေလိုပဲ Action,Comedy,Drama Theme တွေကို လှလှပပ ကူးသန်းချိတ်ဆက်ထားပါတယ်။ အခု ၄ ကားမြောက် တင်ဆက်လိုက်တဲ့ In the Line of Duty 4 (1989) ဇာတ်ကားကို The Witness လို့လဲ ခေါ်ဆိုကြပါတယ်။ မင်းသားကြီး Donnie Yen နဲ့ ဟောင်ကောင်ဂျက်မအဖြစ် မင်းသမီး Cynthia Khan တို့ အဓိကပါဝင်ထားပါတယ်။ Donnie Yen တို့က အမေရိကန်မှာ မူးယစ်ဆေးရောင်းဝယ်ရေးလုပ်နေတဲ့ အခင်းအခြေအနေကို ဝင်စီးတဲ့အခါမှာ အဖွဲ့ဝင်တစ်ယောက် ကျည်ထိမှန်ပြီးသေဆုံးသွားခဲ့ရပါတယ်။ အဲ့ဒီအခြေအနေကို မှတ်တမ်းအဖြစ် ရိုက်ကူးထားတဲ့ဖလင်လိပ်က လမ်းမှာဖြတ်လျှောက်သွားတဲ့ ရှောင်လျို့လက်ထဲကို အမှတ်မထင်ရောက်ရှိသွားတဲ့အချိန်ကစပြီး သူ့ခမျာကံဆိုးမိုးမှောင်ကျတာပါပဲ။ ဒီပြသနာတွေမှာ အကောင်ကြီးကြီးတွေပါဝင်ပတ်သက်နေတာမို့ မျက်မြင်သက်သေဖြစ်တဲ့ ရှောင်လျို့တစ်ယောက် ဘာကိုမြင်လိုက်ပြီး ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာ...။ IMDb Rating(7.1) ထိ ရရှိထားပြီး Donnie Yen နဲ့ဟောင်ကောင်ဂျက်မတို့ရဲ့ အပီအပြင်ဖိုက်ခန်းတွေကြောင့် Action ပရိတ်သတ်တွေ လက်လွတ်မခံသင့်ကြောင်း ညွှန်းဆိုပါရစေ။ ဟောင်ကောင်ဂျက်မဇာတ်ကားတွေကို ဒီမှာ https://channelmyanmar.org/?s=in+the+line+of+duty ကြည့်လို့ရပါတယ်။ File size…(1.9 GB)/(900 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Jo Jo Va
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download |