
~ IMDb - 7.3/10, Rotten Tomatoes - 98% ~ မကြာခဏ မြင်ဖူးမှာပါ... အမေရိကန်ကားတွေကြည့်တဲ့အခါမှာ ဝါကျင့်ကျင့်အရောင်နဲ့ ကိုယ်စားပြု ဖော်ပြလေ့ရှိတဲ့ ဒုစရိုက်နိုင်ငံ၊ မှောင်ခိုနိုင်ငံ၊ အဆိုးတကာ့အဆိုးတို့ရဲ့ မက္ကဆီကို။ " ကျွန်တော်တို့... မက္ကဆီကန်လူမျိုးတွေအနေနဲ့ ရှင်သန်နေထိုင်ရတဲ့အထဲမှာ ကြေကွဲဖွယ်ကောင်းတာတစ်ခုကတော့ ကျွန်တော်တို့ဟာ ကမ္ဘာ့အကြီးဆုံး မူးယစ်ဆေးဝါးသုံးစွဲသူလည်းဖြစ် လက်နက်တင်ပို့သူလည်းဖြစ်တဲ့ နိုင်ငံကြီးနဲ့ နယ်နိမိတ်ချင်းထိစပ်နေတာပါပဲ " တဲ့။ ဟုတ်ပါတယ် ဒီရုပ်ရှင်ကတော့ မက္ကစီကိုရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းလေးကို မပြောခင် Cumbia လို့ခေါ်တဲ့ အကပုံစံတစ်မျိုးအကြောင်းကို အရင်ပြောပြရမယ်ထင်တယ်။ တကယ်တမ်းတော့ အဲဒီအကအမျိုးအစားဟာ ကိုလံဘီယာနိုင်ငံရဲ့ တရားဝင် နိုင်ငံတော်အက (National Dance) ပေါ့။ ဒါပေမဲ့ တခြား လက်တင်အမေရိကနိုင်ငံတွေမှာပါ ခေတ်စားပြီး အခု ဇာတ်လမ်းတည်ရာ မွန်တာရေးမြို့ မြောက်ပိုင်းမှာဆိုလည်း အရမ်းခေတ်စားတဲ့အရာပေါ့။ အဲဒီအကကို ကဖို့ သီချင်းအမျိုးအစားကလည်း သက်သက်ရှိပြီး ဒါကိုပဲ နှစ်ခြိုက်မြတ်နိုးတဲ့ လူတစ်စုဟာလည်း သက်သက်ရှိကြတယ်။ ဇာတ်လမ်းကတော့ မက္ကဆီကိုနိုင်ငံ၊ မွန်တာရေးမြို့ပေါ်က တာကို (Terkos) လို့ခေါ်တဲ့ လမ်းပေါ် လူငယ်ဂိုဏ်လေးတစ်ခုရှိတယ်ပေါ့။ သူတို့ရဲ့ အဓိက ဇာတ်လိုက်ကတော့ အပေါ်က အကနဲ့ဂီတပါပဲ။ ကမ်ဘီယာ (Cumbia) သာ အက၊ ကမ်ဘီယာသာ ဂီတ၊ ကမ်ဘီယာသာ ဘဝလို့ ယူဆတဲ့ လူငယ်တစ်စုပေါ့။ သူတို့ရဲ့ နေ့ရက်တွေကို အကပွဲတွေ သွားရင်း၊ ပါတီတွေတက်ရင်း ကုန်ဆုံးရင်း သူတို့ယူဆထားတဲ့ ကမ်ဘီယာစတိုင် အဝတ်အစား၊ ဆံပင်ပုံံ စတာတွေကို အချင်းချင်း ကြွားလုံးထုတ် ဂုဏ်ယူရင်း ပျော်ရွှင်ကြတဲ့ သူတွေပေါ့။ တစ်ရက်မှာတော့ မူးယစ်ဂိုဏ်းတစ်ဂိုဏ်းနဲ့ မတော်တဆ သွားငြိမိရာကနေ ၁၇နှစ်အရွယ် ဂိုဏ်းခေါင်းဆောင် အူလိစေးစ်ဟာ သူ့မိသားစုရော သူကိုယ်တိုင်ရော အသက်အန္တရာယ် ခြိမ်းခြောက်မှုရှိလာတဲ့အတွက် အမေရိကကို ထွက်ပြေးခဲ့ရပါတယ်။ အသားကျဖို့ ကြိုးစားပေမယ့် သူ့ဂိုဏ်းကော သူ့မြတ်နိုးရာ ကမ်ဘီယာယဉ်ကျေးမှုရောနဲ့ အဝေး အမေရိကမှာ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ရင်း အိမ်ပြန်နိုင်ဖို့ကိုပဲ တမ်းတရင်းနေရှာသတဲ့။ အမေရိကန်တွေထင်နေသလိုမျိုး အားလုံးက အမေရိကန်အိပ်မက် (American Dream) ရှိကြတာမှမဟုတ်ဘဲ။ ဂိုဏ်းခေါင်းဆောင်လေးရဲ့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် အမေရိကန်နေ့စွဲများပေါ့။ ဇာတ်လမ်းရဲ့နောက်ဆုံးမှာလည်း ဒီကားအတွက် သရုပ်ဆောင်ရွေးတုန်းက ဗီဒီယိုလေးတွေကို Credit Scenes အဖြစ် ထည့်သွင်းပေးထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 895MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 52Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.1 GB | Download | |
| 720p | 895 MB | Download | |
| 1080p | 2.1 GB | Download | |
| 720p | 895 MB | Download |
ထုတ်လွှင့်သည့်နေ့
October 21, 2019
ကြာချိန်
1h 52m
အဆင့်သတ်မှတ်ချက်
7.8 / 10
Director
Fernando Frías de la Parra