
1999 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီကားလေးကို Horror ကားနဲ့ မစိမ်းတဲ့သူတွေတချို့ ကြည့်ဖူးကြလိမ့်မယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ယောက်ျားလေးများရဲ့ ငယ်ဘ၀ crush ဖြစ်တဲ့ Jessica Alba က မင်းသမီးအနေနဲ့ ပါ၀င်ထားတဲ့ ဇာတ်ကားလေးလည်း ဖြစ်တယ်၊ အဖော်အချွတ် ဘာညာသာရကာလေးတွေလည်း အားရကျေနပ်ရလောက်အောင် ပါတယ်ဆိုတော့ ပြောစရာမလိုတော့ဘူးပေါ့ဗျာ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ဆောင်မင်းသား အန်တွန် ဆိုတဲ့ ငနဲပေါ့။ အဓိကဇာတ်ဆောင်ဆိုလို့ ဉာဏ်ကောင်း စာတော် အားကစားပါရမီပါ ဘာညာစမာကလာ ပြီးပြည့်စုံနေတဲ့ မင်းသားတော့မဟုတ်ဘူး။ တစ်နေ့တစ်နေ့ အားအားရှိ စားလိုက် သောက်လိုက် တီဗီကြည့်လိုက် ဆေးရှူလိုက် အာသာဖြေလိုက်ပဲ လုပ်နေတဲ့ ကမ္ဘာ့စောက်ပျင်းအကျဆုံးကောင်... ဆေးရှူဖော်ဆေးရှူဖက် သူငယ်ချင်း မစ်ခ် နဲ့ ပနက်ဘ် ကလွဲလို့ အပေါင်းအသင်းလည်း ရှိတဲ့ကောင်မဟုတ်... ဒါပေမယ့် သူကြိတ်သဘောကျနေရတဲ့ crush မလေး မော်လီဆိုတဲ့တစ်ယောက်တော့ ရှိတာပေါ့။ ဒီလိုနဲ့ အပျင်းကြီးလွန်းတဲ့ အန်တွန်တစ်ကောင် ဘ၀ပျက်ဖို့ အကြောင်းဖန်လာတာကတော့ နတ်ဆိုးပူးကပ်ခြင်းခံရတာပါပဲ။ တစ်ကိုယ်လုံးကိုမဟုတ်ပဲ သူ့ရဲ့ အပျင်းကျလွန်းတဲ့ လက်တစ်ဖက်ကို ၀င်ပူးခံရတာပါ။ နတ်ဆိုးပူးကပ်တဲ့လက်ဟာ ကိုယ်ပိုင်အသိစိတ်နဲ့ သွေးဆာတဲ့လုပ်ရပ်တွေကို ဆက်တိုက်လုပ်လာပြီး အန်တွန်တစ်ယောက် အပျင်းကျလို့မရဘဲ ဒုက္ခရောက်ဗျာများရပါတော့တယ်။ ကဲ ဆေးသမားမင်းသား အန်တွန်တစ်ကောင် ဒီနတ်ဆိုးပူးကပ်နေတဲ့လက်ကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ ကြည့်လိုက်ကြပါဦးနော်... (ဒီဇာတ်ကားနဲ့အညွှန်းကို Chuck Chuck မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.7GB, 996MB Quality - Blu-ray 1080p, 720p IMDb Rating - 6.2/10 Format - mp4 Duration - 1H 32Min Genre - Comedy, Fantasy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Chuck Chuck Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.61GB | Download | |
| 720p | 875MB | Download | |
| 1080p | 1.61GB | Download | |
| 720p | 875MB | Download |