
သူတို့ကိုယ်သူတို့ Stream Team လို့ နာမည်ပေးထားတဲ့ ဆိုရှယ်မီဒီယာပေါင်းစုံက Streamer တစ်စုဟာ တစ်ရက်မှာ ဘီလီယျံနာကြီးတစ်ယောက်ရဲ့ ဖိတ်ကြားချက်အရ သူ့ရဲ့ အိမ်တော်ကြီးဆီ ရောက်ရှိခဲ့ပါတယ်။ တစ်ဖက်မှာတော့ တစ်ချိန်က နာမည်ကြီး တီဗီအစီစဉ်တစ်ခုရဲ့ ဇာတ်လိုက်ဖြစ်ခဲ့သူတစ်ဦးဟာ အသက်မွေးဝမ်းကြောင်းကို စွန့်လွှတ်ပြီး လမ်းတွေပေါ်မှာ စတည်းချရင်း သွေးစုပ်ဖုတ်ကောင်မုဆိုး ဖြစ်လာပါတယ်။ ဇာတ်လိုက်ကျော် Streamer တွေအကြောင်းကို ပြန်ဆက်ရရင်တော့ အနာဂတ်တွေ တလက်လက်ထ တောက်ပပြီလို့ ထင်ပြီးကာမှ တကယ်တမ်း တလက်လက်ထနေတာကတာ့ သွေးစုပ်ဖုတ်ကောင်တွေရဲ့ အစွယ်တွေသာ ဖြစ်ကြောင်းသိလိုက်ရတဲ့အခါမှာတော့… ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ ကောင်းတယ်လို့ ညွှန်းပေးလို့ မရပေမယ့် လူတစ်ကိုယ်အကြိုက်တစ်မျိုးမို့ ကိုယ့်အကြိုက်လည်း ဖြစ်ရင်ဖြစ်နေနိုင်တာမို့ တစ်ချက်လောက်တော့ ကြည့်ကြည့်လိုက်ကြပါဦး။ Streamer တွေကို စိတ်ဝင်စားမယ်၊ Vampire ကားတွေ ကြိုက်တတ်တယ်၊ Parody တွေကို ရယ်တတ်တယ်ဆိုရင်တော့ အပျင်းပြေ ကြည့်ကြည့်ဖို့တော့ မမှားမယ့်ကားသစ်ပါပဲ။ မင်းသမီးတွေအနေနဲ့ကလည်း Zack Snyder ရဲ့ Watchmen ထဲမှာ အစွမ်းပြသွားတဲ့ Malin Åckerman နဲ့ Zombieland ထဲက Abigail Breslin တို့မို့ ကြည့်ရတန်မယ်ထင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 750MB Quality - 1080p, 720p Format - mp4 Duration - 1H 28Min Genre - Comedy, Fantasy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.8 GB | Download | |
| 1080p | 1.8 GB | Download | |
| 720p | 750 MB | Download | |
| 1080p | 750 MB | Download |