
I Am Sam (2001) IMDb 7.6 နဲ့ ဆုတော်တော်များများရရှိထားတဲ့ ကားကောင်းလေးတစ်ကားပါပဲနော်။ ဇာတ်လမ်းလေးကတော့ ဦးနှောက်ဖွံ့ဖြိုးမှုနည်းတာကြောင့် ခုနှစ်နှစ်သားမှတ်ဉာဏ်ပဲရှိတဲ့ ဆမ်ဆိုတဲ့ လူတစ်ယောက်က သူ့ခုနှစ်နှစ်သမီးလေးအတွက် ဖခင်ကောင်းတစ်ယောက်ဖြစ်လာနိုင်ရဲ့လား၊ သူ့သမီးလေးကို ပျိုးထောင်နိုင်တဲ့ စွမ်းရည်ရှိရဲ့လားဆိုတာ တရားရုံးမှာ တရားရင်ဆိုင်ရတဲ့အကြောင်းလေးပါ။ ဆမ်ရဲ့ရှေ့နေ ရီတာပြောတာက လူတစ်ယောက်ရဲ့ ဉာဏ်ရည်အတိုင်းအတာက သူ့ရဲ့ချစ်နိုင်စွမ်းအပေါ်သက်ရောက်မှုမရှိဘူးတဲ့။ ဒါပေမယ့် တစ်ဖက်မှာကျ ကိုယ်တိုင်က ၇ နှစ်သားမှတ်ဉာဏ်ပဲရှိတဲ့ ဖခင်တစ်ယောက် ကော်ဖီတောင်ဖျော်တတ်ဖို့အကြာကြီးကြိုးစားခဲ့ရတဲ့ ဖခင်တစ်ယောက်က သမီးကို လူလားမြောက်လာအောင် လူ့အဖွဲ့အစည်းထဲက လူတစ်ယောက်ဖြစ်လာအောင် ဘယ်လိုများပျိုးထောင်နိုင်မှာလဲပေါ့။ တစ်ဖက်က တရားရုံးရှေ့နေက ပြောတယ် လူစီက အရာအားလုံးနဲ့ထိုက်တန်တယ် ဒါပေမယ့် အဲ့တာကို မင်းပေးနိုင်ရဲ့လားတဲ့။ ဖခင်မေတ္တာကို ကွက်ကွက်ကွင်းကွင်းမြင်ရမယ့် ကားလေးပါနော်။ ရိုးရိုးဖခင်တစ်ယောက်တောင် မဟုတ်ပဲ ခုနှစ်နှစ်သားဉာဏ်ရည်နဲ့ ဖခင်တစ်ယောက်ပေါ့။ Cast တွေအနေနဲ့က ဆမ်အဖြစ် Sean Penn , ရှေ့နေမမရီတာအနေနဲ့က Michelle Pfeiffer လူစီအနေနဲ့ကတော့ အားလုံးသိကြတဲ့ Elle Fanning ရဲ့အစ်မ Dakota Fanning ပါ။ သူ့အစ်မရဲ့ ၃ နှစ်အရွယ်ငယ်ဘ၀အတွက်ကို ညီမလေး Elle ကသရုပ်ဆောင်ထားတာပါတဲ့။ဒီကားနဲ့ စပေါက်ခဲ့တဲ့အပြင် ဆုပါရခဲ့တာမို့ သရုပ်ဆောင်ကတော့ ပြောစရာမလိုပါဘူး။ ကြည့်မိလို့ နောင်တရမယ့်ကားမျိုး မဟုတ်လို့ ကြည့်ကြည့်လိုက်ကြပါနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size…(2.9 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….02:12:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Phu Thet Khin
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.9 GB | Download | |
| 1080p | 2.9 GB | Download | |
| 1080p | 2.9 GB | Download | |
| 1080p | 2.9 GB | Download | |
| 720p | 1.4 GB | Download | |
| 720p | 1.4 GB | Download | |
| 720p | 1.4 GB | Download | |
| 720p | 1.4 GB | Download | |
| 720p | 1.4 GB | Download | |
| 720p | 1.4 GB | Download |
ထုတ်လွှင့်သည့်နေ့
December 28, 2001
ကြာချိန်
2h 12m
အဆင့်သတ်မှတ်ချက်
7.6 / 10
Director
Jessie Nelson