
ကိုယ်အရွယ်ရောက်လာတဲ့ အချိန်မှာ ပထမဆုံးချစ်ဖူးတဲ့ လူဟာ ကိုယ့်ရဲ့လက်တွဲဖော်ဖြစ်လာနိုင်ရဲ့လား။ အချစ်ဦးတိုင်းမှာ ပျော်ရွှင်စရာ ဇာတ်သိမ်းမျိုး ရှိနိုင်ပါ့မလား။ ကျုပ်အနေနဲ့ဖြေရရင်တော့ ရှိနိုင်ပေမယ့် မလွယ်ကူဘူးလို့ပဲ ထင်တယ်ဗျ။ ဒီဇာတ်လမ်းထဲက အာရွမ်နဲ့ ဒါချ်နာလိုပေါ့။ ကောလိပ်ကို စရောက်တဲ့အချိန်ကနေ မြင်မြင်ချင်းရင်ခုန်မိတဲ့ နှစ်ယောက် အတူတူလက်တွဲခဲ့ကြပေမယ့် ၂၀ ပတ်လည် ကောလိပ်ကျောင်းသား ဘဝမှာ ကြုံကြရမယ့် အချစ်ရေးပြဿနာတွေ၊ အချင်းချင်းကို တသက်တာ မမေ့နိုင်မယ့် ဒဏ်ရာတွေ ပေးကြရင်း ဘယ်လိုအဆုံးသတ်ကို ဦးတည်ခဲ့ကြမလဲ။ ဒီဇာတ်လမ်းက အာရွမ်ဆိုတဲ့ အမျိုးသားဇာတ်ကောင်ရဲ့ ကောလိပ်ကျောင်းသားဘဝကနေ ၃၀ ပတ်လည် လူလတ်ပိုင်းအရွယ်ထိ သူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲလာပုံတွေကို အသားပေးရိုက်ပြထားတာပါ။ လူငယ်ဘဝမှာ ကျောင်းကိစ္စ၊ အချစ်ရေး ၊ သူငယ်ချင်း လူလတ်အရွယ်မှာ စီးပွားရေးနဲ့ အိမ်ထောင်ရေး ဒါတွေကို ပျော်စရာရွင်စရာဆိုတာထက် လက်တွေ့ကျကျ ဖော်ကြူးထားတာပေါ့။ ဒီနှစ်ထဲပဲ လောလောလတ်လတ်ထွက်ထားပြီး IMDb မှာ 8.9/10 ထိရထားတဲ့အပြင် ရုံတင်ငွေရူပီး 50 crores ထိစံချိန်တင်ထားတာပါ။ ဇာတ်လမ်းရဲ့ကြာချိန် ၃ နာရီနီးပါးမှာ ဒါရိုက်တာ Vineeth နဲ့ သူ့ဇနီး Divya တို့ရဲ့ ကောလိပ်ကအကြောင်းတွေကို ဒါရိုက်တာကိုယ်တိုင်ရေးသားပြီး ပုံဖော်ရိုက်ကူးထားတာပေါ့။ ဆိုတော့ကာ ဒီပိတ်ရက်မှာလည်း Channel Myanamr ရဲ့ ဘောလိဝုဒ်ရုပ်ရှင်ချစ်ပရိတ်သတ်တို့ အပန်းဖြေရင်း ကြည့်ရှုခံစားလိုက်ကြပါဦးဗျာ။ File size…2.56GB / 1.1GB / 6.8GB Quality…True Web Dl 1080p AAC 5.1CH / 720p / 4k SDR HEVC DD+5.1CH Format…mp4 Duration….2h 52m Subtitle….Myanmar Subtitle(Hard Sub) Encoder…. Nyein Saeya Aung & YK Translated by Poe & Yunni & Honeyey & HM
| Provider | Resolution | File Size | |
|---|---|---|---|
| 4K | Download | ||
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |