
သားရဲ တိရစ္ဆာန်တစ်ကောင်ဖြစ်တဲ့ ဝံပုလွေတစ်ကောင်ရဲ့ နေထိုင်မှုပုံစံဟာ ကျွန်တော်တို့အမြင်မှာတော့ ရက်စက်ကြမ်းယုတ်နေတယ်...တစ်ခုတော့ရှိတော့ ဝံပုလွေတစ်ကောင်ရဲ့ နှလုံးသားကို ကျွန်တော်တို့တစ်ခါမှမြင်အောင် မကြည့်ခဲ့ကြသလို ဖေးမစာနာစရာလိုတယ်လို့လည်း တစ်ခါမှ မစဉ်းစားခဲ့ကြဘူး.... ဝတ္ထုအနေနဲ့ အောင်မြင်ခဲ့တဲ့ Hold the Dark ကိုရုပ်ရှင်အဖြစ်အသက်သွင်းထားတဲ့ Hold the Dark (2018) ဇာတ်ကားဟာ ဝံပလွေတွေနဲ့ အဓိက ဇာတ်အိမ်တည်ထားတယ်... Medora Sloaneဆိုတဲ့အမျိုးသမီးမှာ သိပ်ချစ်ရတဲ့ သား(၃)ယောက်ရှိတယ်...ကံဆိုးစွာပဲ ဒီသားလေးတွေဟာ ဝံပုလွေဆွဲလို့ အသက်ဆုံးရှုံးသွားတယ်... မိခင်ဖြစ်သူအတွက် ဝံပလွေတွေဟာ နာကျဉ်းစရာ စက်ဆုတ်စရာပေါ့... အမေဖြစ်သူဟာ ဝံပုလွေကို အမုန်းကြီးမုန်းလေတော့ ဝံပုလွေအကြောင်းကိုလေ့လာနေသူစာရေးဆရာလည်းဖြစ် မုဆိုးလည်းဖြစ်တဲ့ Russell Core ကို အကူအညီတောင်းတယ်..အဲ့ဒါကတော့ ဝံပုလွေတွေကိုလက်စားချေ သတ်ဖြတ်ပေးဖို့ပါပဲ... Russell တစ်ယောက် ဝံပုလွေရှာပုံတော်ဖွင့်ရင်း ဘာတွေဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး...ဒီကားက ရှုံထောင့်စုံကနေ ကြည့်ရှုသူကို ဆွဲခေါ်သွားရင်း တွေးစရာလေးတွေပေးသွားတဲ့ကားလေးလည်းဖြစ်ပါတယ်... ဇာလမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်... File Size : (850 MB) and (376 MB) Quality : 720p WEBRip, Format…mp4 Duration…02:05:00 Genre : Adventure , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encoded by Phyo Pyae
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |