
ဒီဇာတ်ကားလေးကတော့ ၂၀၂၅ ခုနှစ်ထွက် Mystery/Thriller အမျိုးအစားဇာတ်ကားကောင်းလေးဖြစ်ပြီး IMDb rating 5.6/10 ရရှိထားတာလည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၇ နှစ်တုန်းက Huntsville မြို့ငယ်လေးမှာ ကတ်ထရီနာ ဆိုတဲ့ မိန်းကလေးငယ်လေးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ် ခံခဲ့ရပါတယ်။ ဒီအမှုအတွက် ကလေးထိန်းဖြစ်သူ အသက် ၁၄ နှစ် အရွယ် ဂျက်ဟဲရစ် ဟာ တရားခံအဖြစ် စွပ်စွဲထောင်ချခံခဲ့ရပါတယ်။ ဆယ်စုနှစ် ၃ ခုနီးပါးအကြာ ထောင်ထဲမှာနေခဲ့ရပြီး နောက်ဆုံး အမှုကို ပြန်လည်စစ်ဆေးချိန်မှာ သက်သေခံပစ္စည်းတွေဟာ မှားယွင်းနေခဲ့ကြောင့် သက်သေထွက်လာတဲ့အတွက် အပြစ်မရှိဘဲ မှားယွင်းဆုံးဖြတ်ခံရတယ်လို့ စီရင်ချက်ချပြီး ပြန်လည်လွတ် မြောက်လာပါတယ်။ ဒါပေမဲ့လည်း နာမည်ဂုဏ်သတင်းဟာ သေသွားခဲ့ပြီ ဖြစ်တာကြောင့် မြို့ဟာ သူ့ကို အရင်လို မကြည်ဖြူ တော့ပါဘူး။ အသတ်ခံလိုက်ရတဲ့ကောင်မလေးရဲ့ မိဘတွေဟာလည်း ဂျက်ဟဲရစ် ကို မကျေနပ်ပဲ သူ သတ်ခဲ့တယ်လို့သာ ယူဆထား တာကြောင့် လှုပ်ရှားမှုတွေ စတင်ပြုလုပ်လာပါတော့တယ်။ ဂျက်ဟာလည်း နာမည်ဂုဏ်သတင်းကို ပြန်လည်အဖတ်ဆည်ဖို့ အတွက် တရားခံအစစ်ကို ရှာဖွေဖို့ စတင်ကြိုးစားခဲ့ပါတော့တယ်။ ဒီလိုနဲ့ပဲ နှစ်ဘက်ထိပ်တိုက်တွေ့ကြချိန်မှာတော့ ဘယ်လို တွေဖြစ်သွားမလဲ….. ဘယ်သူတွေမှားလို့ ဘယ်သူတွေမှန်ကြလဲ … အသည်းတအေးအေးနဲ့ ကြည့်ရှုခံစားလိုက်ကြပါစို့ခင်ဗျာ။ File size… (1.22GB) / (721MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 26m Genre …..Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil