
ဒီရုပ်ရှင်ကတော့ အီတလီစကားပြောရုပ်ရှင်ဖြစ်ပြီး ၂၀၀၁ ခုနှစ်ကထွက်ရှိခဲ့ပါတယ်။ Family Drama အမျိုးအစားဖြစ်ပြီး အီတလီနာမည်က Le fate ignoranti ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ နောက်ထပ် အင်္ဂလိပ် title က His Other Life ဖြစ်ပါတယ်။ သိပ်မကြာသေးခင်ကပဲ ဒီဇာတ်ကားကို Remake ပြန်လည်ရိုက်ကူးခဲ့ပါသေးတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Antonia က ရောမမြို့ပြင်က ရပ်ကွက်တစ်ခုမှာနေတဲ့ အထက်တန်းလွှာအမျိုးသမီးတစ်ဦးဖြစ်ပြီး Massimo ဆိုသူနဲ့ အိမ်ထောင်ကျတာ ၁၅ နှစ်ရှိပြီဖြစ်ပါတယ်။ ၁၅ နှစ်လုံးလုံး Massimo ရဲ့အရိပ်အောက်မှာပဲနေရင်း ခင်ပွန်းဖြစ်သူလိုအပ်တာကို ဖြည့်ဆည်းပေးခဲ့တဲ့ဇနီးကောင်းဖြစ်ပါတယ်။ Massimo ကလည်း သူ့အတွက်ခင်ပွန်းကောင်းဖြစ်တဲ့အတွက် နှစ်ယောက်အတူပျော်ရွှင်စွာ နေထိုင်လာရာကနေ တစ်နေ့မှာ Massimo တစ်ယောက် ယာဥ်မတော်တဆမှုနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူကွယ်လွန်ပြီး သူ့ရုံးခန်းထဲက ပစ္စည်းတွေကို အိမ်ပြန်ပို့ရာကနေ အဲဒီပစ္စည်းတွေထဲမှာ ပန်းချီကားတစ်ချပ်ပါလာပါတယ်။ ပန်းချီကားနာမည်က The Ignorant Fairies ဖြစ်ပြီး ဒီပန်းချီကနေတဆင့် Massimo က အိမ်ထောင်ရေးဖောက်ပြန်နေတဲ့အပြင် သူနဲ့ဖောက်ပြန်နေတဲ့လူက အမျိုးသားတစ်ဦးဖြစ်နေတာကိုသိလိုက်ရပါတော့တယ်။ ဇာတ်လမ်းဇာတ်အိမ်က ရိုးရှင်းပြီး Character-driven ဇာတ်လမ်းမျိုးဖြစ်တာနဲ့အညီ အချိန်ယူပြီးကြည့်ရှုသင့်တဲ့ ရုပ်ရှင်မျိုးဖြစ်ပါတယ်။ Massimo ရဲ့ နောက်ကြောင်းကိုစုံစမ်းရင်းနဲ့ Antonio တစ်ယောက် သူ့ခင်ပွန်းဖြစ်သူမှာ အမျိုးသားချစ်သူအပြင် နောက်ထပ်ဘဝတစ်ခုရှိနေတာကိုပါ သိလိုက်ရပြီး သူကိုယ်တိုင် အဲဒီကမ္ဘာထဲ တဖြည်းဖြည်းရောက်ရှိသွားပြီး ကိုယ့်ရဲ့ဖြစ်တည်မှုကို ပြန်လည်ရှာဖွေတဲ့ theme မျိုးကိုဖော်ညွှန်းထားပါတယ်။ ဥရောပရုပ်ရှင်တွေကိုနှစ်သက်သူများဆိုရင် ၂၀၀၀ ခုနှစ်ကျော်က ဒီရုပ်ရှင်လေးကိုကြည့်ရှုသင့်ပါတယ်။ စိတ်အနှောက်အယှက်ဖြစ်စရာ 18+ ဇာတ်ဝင်ခန်းတွေမပါဝင်တဲ့အတွက်လည်း စိတ်ချလက်ချကြည့်ရှုနိုင်ပါတယ်။ File size…(2.3GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.3 GB | Download | |
| 1080p | 2.3 GB | Download | |
| 1080p | 2.3 GB | Download | |
| 1080p | 2.3 GB | Download | |
| 720p | 1.2 GB | Download | |
| 720p | 1.2 GB | Download | |
| 720p | 1.2 GB | Download | |
| 720p | 1.2 GB | Download | |
| 720p | 1.2 GB | Download |