
ဒီတစ်ခါ CMကနေဘာသာပြန်တင်ဆက်ပေးမှာကတော့ 2022ထွက် Comedy Movieသစ်လေး HERO ဖြစ်ပါတယ် ။ဒီကားလေးမှာဆိုရင်တော့ မင်းသား Zirui Wangက ယွီဖေး(ဖေးကျီး), မင်းသားSun Haoက စွမ်းဟောက်(ဟောက်ကျီ) , မင်းသမီးLiu Yu Qiaoက ရွှီယွမ်ယွမ် အနေနဲ့ အဓိကပါဝင်သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အမှတ်တရပြတိုက် စကားပြန် ယွီဖေး(ဖေးကျီး)နဲ့ စွမ်းဟောက်(ဟောက်ကျီ)တို့ သူငယ်ချင်းနှစ်ယောက်ဟာ ပြတိုက်မှ ာ ရတနာသိုက်မြေပုံလာရှာတဲ့ ရွှီတာ့လုံတို့ညီအစ်ကိုအဖွဲ့တွေ့ဆုံခဲ့ကြရာက စကားများကြပြီး ဗုံးပေါက်ကွဲသွားတယ်....ထိုအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် လကြတ်ချိန်နဲ့ တိုးပြီး မင်ခေတ်ကို သူငယ်ချင်း၂ယောက်အတူတူ အချိန်ခရီးသွားမိသွားကြတယ် .... ထိုအချိန် မင်ခေတ်မှာလည်း အရာရှိဝန်ကြီးများရဲ့ အာဏာလုပွဲတွေ ပြင်းထန်နေပြီး ယွီဖေးနဲ့ စွမ်းဟောက်တို့ သူငယ်ချင်းနှစ်ယောက် ရောက်သွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲ.... ၎င်းတို့ သူငယ်ချင်းနှစ်ယောက်ကို ချင်းယီးတပ်က လက်ပူးလက်ကြပ်မိသွားပြီး သတ်လိုက်တဲ့အခါမှာတော့ ဘယ်လိုအံ့အားသင့်ဖွယ်ဖြစ်ရပ်တွေ ဆက်ဖြစ်လာမလဲ..... အကြီးအကဲ ရွှီဝူချန်ရဲ့ သမီးချောလေး ရွှီယွမ်ယွမ်နဲ့ တွေ့ဆုံကြတဲ့အခါမှာ ဘယ်လိုစိတ်ဝင်စားစရာဇာတ်ကြောင်းလေးတွေ ဖြစ်လာဦးမလဲ ရွှီတာ့လုံတို့ ညီအစ်ကိုတစ်စုပါ မင်ခေတ်ကို ရောက်ရှိလာတဲ့အခါမှာ ဘယ်လိုရယ်မောဖွယ်ရာဖြစ်ရပ်တွေ ဆက်ဖြစ်လာဦးမလဲ.... ရတနာသိုက်မြေပုံနဲ့ မှတ်တမ်းလွှာလည်း နောက်ဆုံးမည်သူ့လက်ထဲရောက်မလဲ..... အချိန်ခရီးသွားရာကနေ ၎င်းတို့ရဲ့ သူငယ်ချင်းသံယောဇဉ်တွေ ဘယ်လိုပြောင်းလဲလာမလဲ... စရိုက်မတူတဲ့ သူငယ်ချင်းတစ်စု မင်ခေတ်မှ ာ ပြဿနာတွေ ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ... စိတ်ဝင်စားဖို့ကောင်းတဲ့ သဘာဝလွန် ဟာသကားလေးကိုတော့ CMကနေ ကြည့်ရှုအားပေးပါဦးနော် Quality : WEB-DL 1080p , 480p Format : mp4 Duration : 1h 15min Genres : Drama , Comedy , Fantasy Subtitle : Myanmar Subtitle ( Hardsub ) Translated by Healer KE Encoded by LK
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 480p | Download |