
အခုတစ်ခေါက်တင်ဆက်ပေးမယ့် ရုပ်ရှင်ကားလေးကတော့ Drama အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်… မူးယစ်ဆေးရဲ့သားကောင်ဖြစ်နေရတဲ့ မောင်တစ်ယောက်အတွက် အစ်မတယောက်ရဲ့စွန့်လွှတ်အနစ်နာခံမှုတွေ မိခင်တယောက်ရဲ့ နာကျင်မှုတွေနဲ့ လူနေမှုဘဝအခက်အခဲတွေအကြောင်းကို ဒါရိုက်တာ David Vincent Smith က ၎င်းရဲ့ ပွဲဦးထွက်ဇာတ်ကားအနေနဲ့ ပုံဖော်ပြသထားတာပဲဖြစ်ပါတယ်… ဒီကားလေးဟာဆိုရင် ဒါရိုက်တာ David Vincent Smith ရဲ့ မိသားစုထဲက မူးယစ်ဆေးသားကောင်တယောက်ကို အခြေပြု ရိုက်ကူးထားတာဖြစ်ပြီး မဲလ်ဘုန်းအပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော်မှာ ကနဦးပြသခဲ့ကာ ရုပ်ရှင်ဝေဖန်ရေးဆရာတွေရဲ့ မှတ်ချက် ကောင်းတွေလည်း ရရှိခဲ့ပါတယ် Max ဟာ ငယ်ဘဝစိတ်ဒဏ်ရာတွေကုစားဖို့ကြိုးစားရင်း မူးယစ်ဆေးစွဲသွားတဲ့ လူငယ်တယောက်ဖြစ်ပါတယ် ဆေးသုံးထားတဲ့အခါ မိသားစုအပြင် သူစိမ်းတွေကိုပါရန် ပြုတတ်လာတဲ့ Max ဟာ ဆေးပြယ်ချိန်ဆိုရင်တော့ ဘာတွေ လုပ်မိမှန်း မမှတ်မိတော့ပါဘူး… တနေ့မှာတော့ ဒီအခြေအနေတွေကို ရပ်တန့်ဖို့ အစ်မဖြစ်သူ Jade တယောက် မောင်ဖြစ်သူ Max ကိုအခန်းပိတ်ကာ အတင်းဆေးဖြတ်ပေးဖို့ကြိုးစားပါတော့တယ်.. တချိန်တည်းမှာလည်း ရဲတပ်ဖွဲ့ဟာ Max ရဲ့ ရုတ်တရက် ပျောက်ဆုံးနေမှုနဲ့အတူ Max နဲ့သက်ဆိုင်တဲ့အမှုတခုကို လိုက်လံစုံစမ်းနေခဲ့ပါတယ် အတင်းဆေးဖြတ်ပေးခံရတဲ့ Max တယောက် မူးယစ်နွံက နေရုန်းထွက်နိုင်မလား… ရဲတွေကရော Max ကို ဘယ်လိုကြောင့် လိုက်လံရှာဖွေနေရပါသလဲ အစ်မဖြစ်သူ Jade တစ်ယောက်ရော အကြံစည်အောင်မြင်သွားမလား စတဲ့ စတဲ့ မေးခွန်းတွေကိုတော့ ဒီကားလေးထဲမှာပဲ ဖော်ထုတ် အဖြေရှာလိုက်ကြပါဦးခင်ဗျာ………… File size… (1.42GB) / (697MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 42m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.42GB | Download | |
| 1080p | 1.42GB | Download | |
| 1080p | 1.42GB | Download | |
| 1080p | 1.42GB | Download | |
| 720p | 697MB | Download | |
| 720p | 697MB | Download | |
| 720p | 697MB | Download | |
| 720p | 697MB | Download | |
| 720p | 697MB | Download |