
Harold & Kumar Go to White Castle (2004) Genre - Comedy, Adventure IMDB - 7.0/10 ခင်ဗျားတို့ ဆေးခြောက်/ဝိသောက်ပြီး ဘယ်လောက်ထိ စားသောက်ဖူးကြလဲ စားချင်စိတ်ဖြစ်ကျလဲ (ကျွန်တော်ကတော့ လမ်းဘေးထမင်းကြော်ကို လိုက်ပွဲ ၆ ပွဲနဲ့ ဟင်းအပို ၃ ပွဲထိ စားဖူးတယ် ဤကား စကားချပ်)။ ဒီရုပ်ရှင်ရဲ့ အဓိကအကြောင်းအရာကလည်း အဲဒီလို ဝိကွဲပြီး သွားငတ်ကြီးကျလို့ ဘေးကပ်ပေါင်း ၃၆၅ မျိုးလောက် ကြုံရတဲ့ရုပ်ရှင်။ ဒီကားထဲက ဘဲနှစ်ပွေက တော်တော်စားတယ်၊။ တစ်ယောက်က ကိုရီးယားကကောင် ကင်ချီသား သူကတော့ ဘဝကို ပုံမှန်အလုပ်လုပ်ပြီး ဖြတ်သန်းနေသူတစ်ယောက်။ နောက်တစ်ယောက်ကကျ အိန္ဒိယား အာပနား ပရမ်းပတာကောင် စာတော်ပေမယ့် အလေကောင်ပေါ့ဗျာ။ ဒီနှစ်ယောက်က တိုက်ခန်းမှာ တူတူနေကြတာ အလုပ်ပိတ်ရက်ဆို ဝိလေးကိုင်ပြီး ကွဲပြဲနေကြတဲ့ နှစ်ယောက်ပေါ့ဗျာ။ တစ်ရက်ကျ ကင်ချီသားက သောကြာနေ့လေး အိမ်ပြန်နှပ်မလို့ကို အလုပ်ကကောင်တွေ ဂျင်းထည့်လို့ အိမ်က အာပနားကိုတော်ပြီ အလုပ်ပါလို့ ဆေးခြောက်မသောက်ဘူး တားတာကို အာပနားက ဇွတ်မြူဆွယ်တာနဲ့ နှစ်ကောင်သား ချကြရော။ အဲဒီမှာ ကွဲပြဲလာတော့ ရှေ့မှာပြောခဲ့တဲ့အတိုင်း ငတ်လာကြရော ငတ်လာတော့ ဒီတစ်ခါ ဒယ်လီနဲ့ မှာမစားချင်ဘူးပေါ့ တကယ်ကို ထိထိမိမိလေး သွားပြီး စားချင်လိုက်တာဆိုပြီး ဖြစ်နေတဲ့အချိန် တီဗီမှာ White Castle ဟမ်ဘာဂါ ကြေငြာလာတော့ နှစ်ကောင်သား ခွေးဘုရားပွဲတွေ့ပြီး အဲဒီဆိုင်ကို ကွဲကွဲနဲ့ သွားကြရော။ ဒါပေမဲ့ အပြဲသမားနှစ်ယောက် ဒီဆိုင်ကို ချောချောမွန်မွန် ရောက်ကြပါ့မလား လမ်းမှာ ဘယ်လိုဒုက္ခပေါင်းစုံ ကြုံပြီးမှ ရောက်ကြမလဲဆိုတာ ခွီနေရမယ့်ကားပါ။ ရွှေရင်နှစ်မွှာတွေ မိမွေးတိုင်း ဖမွေးတိုင်း ပြထားတဲ့အတွက် ကြည့်ဖို့တော့ သတိပြုစေလို (ကျောင်းသားဟာသကားဆိုတော့)။ ငယ်ဘဝက ကျောင်းသားဟာသကားထဲမှာ ဒီ Harold & Kumar လည်း စိုးမိုးခဲ့တဲ့ထဲမှာပါတယ် ဒါပေမဲ့ ကျွန်တော်တို့ သိကြတဲ့ကားက CM က တင်ပြီးသားဖြစ်တဲ့ Escape to Guatanamo Bay ဆိုတဲ့ကား တကယ်တမ်း ဒီ White Castle ကားကြည့်ပြီးမှ အဲဒီကားကို ဆက်ကြည့်သင့်တာ တိုက်ရိုက်ဆက်ထားတာဖြစ်လို့။ နောက်ထွက်လာတဲ့ Christmas ကတော့ သီးခြားသက်သက် ဖြစ်သွားပြီ ။ American Pie စီးရီးတွေလို Euro Trip လိုမျိုး ပေါက်ကရကျောင်းသားဟာသကားခရေဇီအတွက်ကတော့ ဒီကားတွေကတော့ ရွှေပါပဲ။ လူမျိုးရေးခွဲခြားမှု အာရှသားတွေ အနှိမ်ခံရမှု ရဲတွေအနိုင်ကျင့်မှုတွေကိုလည်း ပါးပါးလေး ပုတ်ပြသွားတာလေးတွေလည်း ထည့်ပြီးသရော်ထားပါသေးတယ်။ ကဲ ပြောနေရင် စာရှည်တယ်ဗျာ ပြေးသာ ကြည့်လိုက်ပါတော့။ ကျန်တဲ့ ကားတွေ အောက်က လင့်တွေမှာ ကြည့်ရှုပါ Harold & Kumar Escape from Guantanamo Bay (2008) A Very Harold & Kumar Christmas (2011) File size… 1.5 GB / 716 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 48m Genre ..... Adventure, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung