
ဒီဇာတ်ကားလေးက အေဒီ ၁၆ရာစု မာရသာအင်ပါယာကြီးကို စတင်တည်ထောင်နေစဉ်ကာလအတွင်း ဘုရင်ချက်သရပတီရှီဗာဂျီနဲ့ သူ့အပေါင်းအပါတွေက နယ်ချဲ့လက်ပါးစေတွေကို တော်လှန်ခဲ့တဲ့ ဖြစ်စဉ်ကို ရုပ်ရှင်ရုံကားအဖြစ် ရိုက်ကူးတင်ဆက်ထားခြင်းပဲ ဖြစ်ပါတယ်။ အတိအကျပြောရရင် ဒီဇာတ်ကားက ၁၆ရာစုနှောင်းပိုင်းမှာဖြစ်ပွားခဲ့တဲ့ ပဝန်းခင့်တိုက်ပွဲအကြောင်းကို အဓိကဇာတ်အိမ်တည်ထားပါတယ်...အဆိုပါတိုက်ပွဲမှာ ဘာဂျီပါရာဘူဒေ့ရှ်ပန်ဒေဦးဆောင်တဲ့ စစ်သည် ၃၀၀ ပါဝင်တဲ့တပ်စုဟာ စစ်သည်ရဲမက် ၁၂၀၀၀ ပါဝင်တဲ့ ဘီဂျာပူရီတပ်တွေကို တိုက်ထုတ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။ မာရသာအင်ပါယာကြီးဟာ ပြိုကွဲနေခဲ့ပြီး အင်အားကြီးရှင်ဘုရင်ဆူတန်ဟာလည်း ဒီလိုပြိုကွဲနေအောင် အချင်းချင်းသွေးထိုးရန်တိုက်ပေးခဲ့ပြီး နယ်မြေအတွင်း သွေးချောင်းစီးစေခဲ့တယ်...။ ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ မာရသာလူမျိုးတွေဟာ ဆိတ်တွေ ကျွဲတွေအတွက်နဲ့ အချင်းချင်း ရန်ဖြစ်သတ်ဖြတ်နေကြတဲ့အချိန်ပေါ့...။ ဒီအဖြစ်ကို ရင်လေးမိနေတဲ့ ရှီဗာဂျီက နယ်မြေအားလုံးကို စုစည်းပြီး ဘုံရန်သူကို တိုက်ထုတ်ပစ်ဖို့ စွန့်စားပါတော့တယ်...။ အဲ့ဒီလို တစ်နယ်ပြီးတစ်နယ်သိမ်းပိုက်လာရင်း မာဗယ်နယ်မြေ ၁၂ခုလုံးက တုန်လှုပ်ရတဲ့ ဘာဂျီပါရာဘူဒေ့ရှ်ပန်ဒေနဲ့ ထိပ်တိုက်တိုးမိလာတဲ့အခါ...။ ဒီဇာတ်ကားလေးမှာ တိုက်ရေးခိုက်ရေးတွေကို ကောင်းကောင်းမြင်တွေ့ရမှာဖြစ်သလို နိုင်ငံရေးဉာဏ်အားပြိုင်မှုတွေကိုလည်း မြင်တွေ့ရမှာဖြစ်လို့ ကြည့်လိုက်ပါဦးနော်...။ File size…2.3GB / 1.2GB Quality…1080p Zee5 WEB DL /720p Format…mp4 Duration….2h 41min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Bpl ~ Taylor ~ Sora ~ HayMan
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.3GB | Download | |
| 720p | 1.2GB | Download | |
| 1080p | 2.3GB | Download | |
| 720p | 1.2GB | Download |