
Happyend (2024) *************** ဒီတစ်ခေါက် CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးမှာကတော့ 2024 မှာထွက်ရှိခဲ့ပြီး International festival တွေမှာ အကောင်းဆုံးရုပ်ရှင်ဆု ၇ ကြိမ်ရရှိထားပြီးတော့ ဆန်ခါတင် ၁၃ ကြိမ်ဝင်ထားတဲ့ ဂျပန်ဇာတ်ကားလေး ဖြစ်ပါတယ်။ ယူတာနဲ့ ခိုအုဟာ မကြာခင်အနာဂတ်တစ်ခုမှာ ဘွဲ့ယူတော့မယ့် သိပ်ကိုရင်းနှီးတဲ့ အထက်တန်း ကျောင်းသားနှစ်ယောက်ဖြစ်ပါတယ်။ သူတို့နေထိုင်တဲ့ တိုကျိုမြို့မှာဆိုရင် အနှစ် ၁၀၀မှာ တစ်ကြိမ်ပဲဖြစ်တဲ့ အဓိကမြေငလျင်ဘေးအန္တရာယ်ကို ရင်ဆိုင်ဖို့ နေ့စဉ်ကြိုးစားနေရပါတယ်။ တစ်ညမှာတော့ လူမျိုးရေးခွဲခြားတဲ့ ကျောင်းအုပ်ဆရာကြီးကို စနောက်ကြရင်း မမျှော်လင့်ထားတဲ့ အကျိုးဆက်အဖြစ် ကျောင်းမှာ စောင့်ကြည့်ရေးစနစ်ကို တပ်ဆင်ခံခဲ့ရပါတယ်။ ငလျင်ခပ်ကြမ်းကြမ်း တစ်ခါလှုပ်ပြီးတဲ့နောက် စတိုးဆိုင်တွေက ဈေးတွေလျှော့ရောင်းကြ၊ အစိုးရက နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာကြနဲ့ အုတ်အော်သောင်းနင်းပါပဲ။ ဝန်ကြီးချုပ်ခိတိုကို ဆန့်ကျင်တဲ့ “ဂျပန်ဂုဏ်သိက္ခာကို ပြန်လည်မွမ်းမံမယ်” ဆိုတဲ့ဆန္ဒပြပွဲတွေလည်း ဆက်တိုက်ဖြစ်လာပါတယ်။ လုံခြုံရေးအရ အရေးယူမှုတွေ များလာတဲ့အချိန်မှာ နိုင်ငံရေးအခြေအနေကလည်း မလိုလားအပ်တဲ့ ပွက်လောရိုက်မှုတွေ များလာပါတယ်။ ဒီအရာတွေကို ခိုအုဟာ စိတ်ထဲထည့်ပြီး စဉ်းစားလာပေမဲ့ ယူတာကတော့ အရာအားလုံးကို ဘာသိဘာသာဖြစ်နေဆဲပါ။ ခိုအုဟာ နိုင်ငံရေးသမားခပ်ဆန်ဆန် တက်ကြွတဲ့ ကျောင်းသူတစ်ဦးနဲ့ တွေ့တဲ့အချိန်မှာ သူ့ရဲ့ နိုင်ငံရေးအမြင်က စတင်ပြီး ပေါ်ထွက်လာပါတော့တယ်။ ယူတာက ဒီလိုအရာတွေကို နားမလည်နိုင်ဘူးလို့ ယုံကြည်လာတဲ့ ခိုအုနဲ့… ယူတာတို့ရဲ့သူငယ်ချင်း ဆက်ဆံရေးဟာ အေးစက်စက်ကွာဝေးလာပါတော့တယ်… အမြဲတမ်းအတူရှိခဲ့တဲ့ သူငယ်ချင်းနှစ်ဦးဟာ ပထမဦးဆုံးအကြိမ်အဖြစ် ထင်မြင်ချက်ကွာခြားမှုတွေကို မျက်နှာချင်းဆိုင်လာရတဲ့အခါ…. ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုပေးကြပါဦးနော်။ (အညွှန်းကို Reddy မှ ရေးသားထားပါတယ်) File size…1.46GB / 544MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 53 min. Genre ….. Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Reddy & Dao Phyo Encoded by AHtet
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.46GB | Download | |
| 1080p | 1.46GB | Download | |
| 1080p | 1.46GB | Download | |
| 1080p | 1.46GB | Download | |
| 720p | 544MB | Download | |
| 720p | 544MB | Download | |
| 720p | 544MB | Download | |
| 720p | 544MB | Download | |
| 720p | 544MB | Download |
ထုတ်လွှင့်သည့်နေ့
October 4, 2024
ကြာချိန်
1h 53m
အဆင့်သတ်မှတ်ချက်
7.4 / 10
Director
Neo Sora