
ဒီဇာတ်ကားလေးကတော့ အမေရိကန် ဟာသ Show တွေမှာ တွေ့ရတဲ့ David Khari Webber Chappelle ပါဝင်သရုပ်ဆောင်ထားတဲ့ Stoner တို့အကြိုက် ဟာသဇာတ်နှောလေးပဲဖြစ်ပါတယ်။ Stoner တို့ဖြတ်သန်းနေရတဲ့ ဘဝအကြောင်းတွေ၊ လွဲချော်မှုတွေ၊ ပညာပေးကဏ္ဍလေးတွေ၊ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ကိစ္စတွေရော ဖြစ်လေ့ဖြစ်ထမရှိတဲ့ကိစ္စတွေကိုပါပေါင်းထုပ်ဇာတ်လမ်းဆင်ပြီး ဟာသလေးနှောကာ တင်ဆက်ပြသထားတဲ့ဇာတ်ကားဖြစ်လို့ ကြည့်ရကျိုးနပ်စေမှာတော့အမှန်ပါပဲ။ stoner life အကြောင်းကို ကောင်းကောင်းကြီး ဖော်ပြပေးနိုင်တဲ့ ဇာတ်ကား တစ်ကားဆိုတာတော့ငြင်းမရပါဘူး။ဇာတ်လမ်းလေးရဲ့အစမှာတော့ သားဂွတ်ဂျန်ကင်း တို့ ငယ်သူငယ်ချင်း ၄ယောက် ဝေါ်ကိဆိုတဲ့ အရာကို စပြီးထိတွေ့မိလိုက်တဲ့အချိန်ကို အခြေပြုထားပါတယ်။ ဝေါ်ကိကို အရမ်းသဘောကျသွားတဲ့ သူငယ်ချင်း ၄ယောက်နဲ့အတူ ဘယ်လိုတွေ ချိတ် ရှာကြတယ်၊ ဘယ်လိုနေရာကဘာတွေရတယ်၊ ဘယ်သူတွေက ဘယ်လိုဂျင်းကျွေးတယ်၊ ဘယ်သူတွေကတော့ ထုံးစံအတိုင်း နေလှန်းတယ်ဆိုတာတွေကို ပေါ်ပေါ်လွင်လွင် ရိုက်ကူးတင်ဆက်ပေးထားပြီး ဝေါ်ကိရဲ့ကောင်းကွက် ဆိုးကွက်တွေကိုပါ မျှမျှတတ ဖော်ပြပေးထားပါတယ်။ အဲဒီလိုနဲ့ တစ်ရက်မှာ အစာကောက်ကြတဲ့အချိန် အလှည့်ကြ သူငယ်ချင်းတစ်ယောက် ရွေးချယ်ပြီး မုန့်သွားဝယ်ခိုင်းကြတဲ့ အချိန် မထင်မှတ်ထားတဲ့ကိစ္စတစ်ခုကြောင့် မုန့်သွာဝယ်တဲ့သူငယ်ချင်းက ပြစ်မှုတစ်ခုကို ကျူးလွန်မိပြီး ထောင်ဒဏ်ချမှတ်ခြင်းခံလိုက်ရပါတယ်။ အဲဒီအချိန်မှာ ကျန်တဲ့သူငယ်ချင်းတွေက သူ့အတွက် ဘယ်လိုတွေရုန်းကန်ပေးမလဲ၊ငပြဲတွေကဘာတွေ ကြံစည်ကြမလဲ ၊ ဘယ်လိုတလွဲတွေဖြစ်ကြမလဲဆိုတာကိုကို ဇာတ်ကားလေးဖွင့်ပြီးစောင့်မျှော်ကြည့်ရှုလိုက်ကြပါဦး ……… File size…(2,76GB) / (1.21GB) / (612.69MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:13:00 Genre...Action / Crime / drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lwin Bo
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.7GB | Download | |
| 720p | 1.2GB | Download | |
| 1080p | 2.7GB | Download | |
| 720p | 1.2GB | Download |