
၂၀၂၀ ခုနစ်ထွက် Fantasy/ Horror ဇာတ်ကားလေးဖြစ်ပါတယ်... ဂရင်းစ်ညီအစ်ကိုတွေရဲ့ ပုံပြင်တွေထဲက တစ်ပုဒ်ဖြစ်တဲ့ တောအုပ်ထဲက လူသားစားတဲ့ စုန်းမကြီးအိမ်ကို ရောက်ရှိသွားတဲ့ ဟန်ဆယ်နဲ့ ဂရက်တယ်တို့မောင်နှမနှစ်ယောက်အကြောင်းကို အားလုံးကြားဖူးကြမယ်ထင်ပါတယ်... ဒီဇာတ်ကားလေးကလည်း အဲဒါကို အခြေတည်ပြီးရိုက်ကူးထားတာပါ... ဟန်ဆယ်နဲ့ ဂရက်တယ်တို့ မောင်နှမနှစ်ယောက်ဟာ မုဆိုးမ အမေနဲ့အတူတူ ဆင်းဆင်းရဲရဲနေထိုင်ကြရပါတယ်... တစ်နေ့မှာတော့ သူတို့အမေက ကိုယ့်ဝမ်းကိုယ့်ကျောင်းဖို့ သူတို့နှစ်ယောက်ကိုနှင်ထုတ်လိုက်ပါတော့တယ်... ဒီလိုနဲ့ စိတ်မနောကောင်းတဲ့ မုဆိုးတစ်ယောက်က တောထိန်းတွေဆီ သွားခိုလှုံဖို့ လမ်းညွှန်လိုက်ပါတယ်... ဒီလိုနဲ့ သွားရင်းနဲ့ တောထဲမှာ စားကောင်းသောက်ဖွယ်တွေနဲ့ပြည့်နှက်နေတဲ့ တဲအိမ်လေးတစ်လုံးကို တွေ့လိုက်ရပါတော့တယ်... အိမ်ပိုင်ရှင်ကတော့ သဘောကောင်းပုံရတဲ့ အဖွားအိုတစ်ယောက်ပဲ... အဲဒီအဖွားအိုဟာ ပုံပြင်ထဲကအတိုင်း စုန်းမကြီးများလား... ဒီဇာတ်ကားမှာ မတူခြားနားတဲ့ မြှုပ်ကွက်တွေပါတာကြောင့် ဘာတွေလဲဆိုတာကို ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ပါဦး... IMDB 5.3/10 ရရှိထားပါတယ် File Size : ( 817 MB , 240 MB) Quality : WEB-DL 720p Running Time : 1 hr 27 min Format : Mp4 Genre : Fantasy , Horror , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Moe Myint Lwin
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download | ||
| 720p | Download |