
ခုတစ်ခါထွက်ရှိလာတဲ့ကားလေးကတော့ ပုရိသတွေအသည်းကိုလုယူသွားတဲ့ အိန္ဒိယနာမည်ကျော်မင်းသမီးချောလေး ကက်ထရီနားရဲ့ယောက်ျား မင်းသားဗစ်ကီရဲ့ကားသစ်လေးပဲဖြစ်ပါတယ် မင်းသမီးအနေနဲ့ကတော့ Kabir Singh ထဲက မင်းသမီးချောလေး ကီယာရာလေးနဲ့ မင်းသမီး ဘူမီကာပဒ်နေကာတို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ် ဇာတ်လမ်းအကျဥ်းကိုပြောရမယ်ဆိုရင် မွန်ဘိုင်းမြို့ကြီးမှာ ဘဝတွေ ဒုက္ခရောက်နေရတဲ့အထဲ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဂိုဗင်ဒါဆိုတဲ့ကောင်လေးရဲ့အကြောင်းပါ သူဟာ မိန်းမဖြစ်သူနဲ့ ကွာရှင်းချင်နေပြီး ချစ်သူနဲ့နီးစပ်ချင်နေသူပါ သူ့ဘဝဟာ ဘယ်လောက်တောင် ပြဿနာတက်နေလဲဆိုရင် အိမ်ထောင်ကျပြီး မယားကြောက်ရတယ် မိခင်က ဖခင်ရဲ့မယားငယ်ဖြစ်လို့ အမွေဆိုင်အိမ်ဆုံးရှုံးရမှာကြောက်ရတယ် ဘဝက အခွင့်အရေးပေးလာပြန်တော့လည်း လူမိုက်တွေနဲတိုးပြန်လို့ အသက်ဆုံးရှုံးရမှာ ကြောက်ရပြန်ပါတယ် တစ်ရက်တော့ လောကကြီးက သူ့ကိုမျက်နှာသာပေးခဲ့ပြီး သူချစ်ရသူနဲ့နီးစပ်ဖို့ အကြောင်းဖန်လာပါတော့တယ် ဒါပေမဲ့ အဲ့ဒီကံကောင်းခြင်းဆုလာဘ်ဟာ မိန်းမဖြစ်သူရဲ့သေခြင်းတရားနဲ့ ဆက်စပ်နေတဲ့အခါမှာတော့...။ ဂိုဗင်ဒါ ဘယ်လိုမထူးဇာတ်ခင်းမလဲဆိုတာကို ဆက်လက်ရှုစားပေးပါဦးနော်။ File size…2.28GB / 1.1GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 11min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ OeliuJ ~ BpL ~ Yunni