
~ IMDb - 7.7/10, Rotten Tomatoes - 88% ~ အင်္ဂါဂြိုဟ်ပေါ်မှာ ဂြိုဟ်သားနှစ်ကောင်ရှိတယ်ဗျ။ ကွိကွိကွကွ အသံတွေနဲ့ ရုပ်ဆိုးပန်းဆိုး ထိုးထိုးထောင်ထောင်ကောင်တွေပေါ့။ ကမ္ဘာပေါ်က လွှတ်လိုက်တဲ့ ကမ္ဘာသား ဂြိုဟ်သူမနှစ်ယောက်။ "အခွင့်လမ်း" နဲ့ "စိတ်ဓာတ်" တဲ့။ အမွှာညီအစ်မနှစ်ယောက်ပေါ့။ "စိတ်ဓာတ်" က အကြီးမ၊ ပြဿနာမလေးပေါ့။ အငယ်မ "အခွင့်လမ်း" က မယ်ကံကောင်းလေး။ သူတို့က အင်္ဂါဂြိုဟ်လေ့လာရေးအတွက် နာဆာကလွှတ်လိုက်တဲ့ ဂြိုဟ်ပေါ်သွားယာဉ် (Rovers) လေးတွေပါ။ အင်္ဂါဂြိုဟ်လို့ခေါ်တဲ့ ဂြိုဟ်နီကြီးကို ကမ္ဘာသားတွေ စိတ်ဝင်စားနေတာကြာပြီ။ ဂြိုဟ်ကြီး (၈) လုံးထဲမှာ (အခုတော့ ၈ လုံးပဲရှိတယ်လို့ ပြောတယ်ဗျ) အင်္ဂါဂြိုဟ်ပဲရွေးပြီး ဘာလို့စိတ်ဝင်စားကြတယ်မသိ။ ဇာတ်ကားတွေကလည်း အင်္ဂါဂြိုဟ်၊ နာဆာဂြိုဟ်သုတေသနကလည်း အင်္ဂါဂြိုဟ်။ ကဲပါလေ။ သူတို့က အင်္ဂါဂြိုဟ်ဆိုတော့လည်း လိုက်ဂါလိုက်ပါ့မယ်။ အင်္ဂါဂြိုဟ်ပေါ်မှာ ရေရှိသလား... ရေရှိခဲ့ဖူးလား... သက်ရှိတွေရှိသလား... သက်ရှိတွေ ရှိခဲ့ဖူးလား... လား...ပေါင်းများစွာရဲ့အဖြေကို လူတစ်စုက ရှာဖွေကြတဲ့ ရုပ်သံမှတ်တမ်းလေးပေါ့။ လူတစ်စုဆိုလို့ နှယ်နှယ်ရရတော့မဟုတ်။ သိပ္ပံအဖွဲ့၊ ဘူမိဗေဒအဖွဲ့၊ အင်ဂျင်နီယာအဖွဲ့ တကယ့်ထိတ်ထိတ်ကြဲတွေချည်းပဲ။ အင်္ဂါဂြိုဟ် ဟိုဘက်ခြမ်း ဒီဘက်ခြမ်းကို ဂြိုဟ်ပေါ်သွားယာဉ်နှစ်စင်း အင်္ဂါဂြိုဟ်ရက် (ကမ္ဘာရက်ထက် မိနစ်လေးဆယ်ပို) ၉၀ (သုံးလ) စာ ခန့်မှန်းသက်တမ်းနဲ့ စေလွှတ်ခဲ့တာပါ။ ဒါပေမဲ့ အစ်မဖြစ်သူက (၆) နှစ်ကျော် နဲ့ ညီမဖြစ်သူက ဆယ့်ငါးနှစ်နီးပါး တာဝန်ထမ်းဆောင်သွားတဲ့အကြောင်းတွေကို စုံစုံလင်လင်သိရမှာမို့ ကိုယ်တိုင်ပဲ ကြည့်ရှုနိုင်ပြီဖြစ်ပါကြောင်း။ (ဒီဒိုကူမန်ထရီနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 650MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 45Min Genre - Documentary Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |
ထုတ်လွှင့်သည့်နေ့
November 4, 2022
ကြာချိန်
1h 45m
အဆင့်သတ်မှတ်ချက်
7.6 / 10
Director
Ryan White