
Good Night 2023 ဒီတစ်ခေါက်မှာတော့ IMDb - 8.3/10 ထိရရှိထားတဲ့ တမီးလ် မိသားစုဒရမ်မာကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Jai Bhim၊ Vikram Vedha ဇာတ်ကားတွေထဲက မင်းသား Manikandan နဲ့ မင်းသမီးချော Meetha တို့ကအတွဲညီညီသရုပ်ဆောင်ထားတာပါ။ ဇာတ်လမ်းအကျဉ်း မိုဟန်တို့အိမ်ဟာ မိသားစုဝင်တွေအများကြီးနဲ့ သိုက်သိုက်ဝန်းဝန်းရှိလှတဲ့ မိသားစုတစ်ခုပါ။ အချင်းချင်းစည်းလုံးကြပြီး တစ်ယောက် ပြဿနာတစ်ယောက်ဖြေရှင်းကြရင်းပေါ့။ သို့ပေမဲ့မိုဟန်မှာ မိသားစုဝင်တွေ သည်းမခံနိုင်လောက်အောင်ဆိုးတဲ့ အကျင့်တစ်ခုရှိပါတယ်။ အဲဒါကတော့ ဟောက်တတ်တာပါပဲ။ အဲအကျင့်ကြောင့်လည်း စော်ငြင်းကောင်ဖြစ်နေရတဲ့သူပါ။ တစ်နေ့မှာ ယောက်ဖဖြစ်သူနဲ့ ရေပိုက်လိုက်ပြင်ရင်း အာနူးဆိုတဲ့သနားစရာကောင်မလေးနဲ့ တွေ့ဆုံပြီး၊ နှစ်ယောက်သားစုံမက်သွားကြတဲ့အခါ အာနူးခင်ဗျာ မိုဟန်ကိုသည်းခံနိုင်ပါဦးမလား၊ နှစ်ယောက်သား ဘယ်လိုနားလည်မှုယူကြမှာလဲ....သူတို့ခင်ဗျာညတိုင်း "Good Night " ဖြစ်နိုင်ပါဦးမလားဆိုတာ "Good Night"ဇာတ်ကားမှာပဲအဖြေရှာပြီး အပန်းဖြေကြည့်ရှုလိုက်ရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Moon ~ ThaikSan ~ Zwe ~ V~ BpL~ တို့ပဲဖြစ်ပါတယ်။ File size…2.39GB / 1.12GB Quality…1080p WEB DL /720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon ~ ThaikSan ~ Zwe ~ V~ BpL