
ပိုင်သမျှ ပစ္စည်းဥစ္စာအားလုံး လူလိမ်ခံရပြီး ကိုမာဝင်သွားတဲ့ ခင်ပွန်း၊ သရေစာတွေ ကြိုက်လွန်းလို့ အဝလွန်နေတဲ့ သားဖြစ်သူနဲ့ ယောက္ခမအိုကြီးရဲ့ စားဝတ်နေရေးကို တာဝန်ယူထားရတဲ့ ယွန်းဂိုဆူရဲ့ ဘဝဟာ ခက်ခဲကြမ်းတမ်းတာထက်ကို ပိုပါတယ်။ အလုပ်ကလည်း ကြက်သားဆိုင်မှာ ကြက်သတ်ရတဲ့ အလုပ်ဖြစ်တာကြောင့် ဝင်ငွေထွက်ငွေ မမျှ၊ တင်သမျှ အကြွေး မဆပ်နိုင်ဘဲ အကြွေးရှင်တွေ ဒုက္ခပေးသမျှ ခါးစည်း ခံနေရပါသေးတယ်။ တစ်နေ့မှာ ကျောင်းနေဖက်ဖြစ်သူ ဂင်မီယောင်းနဲ့ အမှတ်မထင်တွေ့ဆုံပြီး ဂင်မီယောင်းက လူသတ်ဖို ကြံစည်နေတာကို သိလိုက်ရပါတော့တယ်။ ယောက်ျားဖြစ်သူ သတ်သေသွားတာကြောင့် ငယ်သူငယ်ချင်းကို အရိုးထဲစွဲအောင် မုန်းတီးနေတဲ့ ဂင်မီယောင်းက ငယ်သူငယ်ချင်းဖြစ်သူ ဆောင်းဂျယ်ကိုသာ သတ်နိုင်ရင် သိန်းလေးရာ ပေးမယ်လို ပြောတဲ့အခါ ယွန်းဂိုဆူဟာ ဆောင်းဂျယ်ကို သတ်ဖို ကြံစည်ခဲ့ပါတယ်။ မီယောင်းကို တားချင်ပေမဲ့ ပိုက်ဆံလိုအပ်နေတာကြောင့် ယွန်းဂိုဆူ တစ်ယောက် ဆောင်းဂျယ်ကို သတ်ဖို ဘယ်လိုကြံစည်မလဲ? မီယောင်းရဲ့ ဆောင်းဂျယ်ကြားမှာရော ဘယ်လိုအထင်လွဲမှုတွေ ရှိကြမလဲ ? ဆောင်းဂျယ်ဖက်ကရော ဘယ်လိုတုံ့ပြန်လာမလဲ? ဆိုတာတွေကို သဘာဝဆန်ဆန် ရိုက်ကူးထားတာကြောင့် စိတ်ဝင်စားစရာ ကောင်းတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Win က ရေးပေးထားပါတယ်) File Size : (1.6GB), (727MB) & (350MB) Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 1hr & 35mins Genre : Drama, Comedy Translated by Win, Yumeko & ChitThe Encoded by Kinnov
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 720p | Download |