
၁၉၇၇ခုနှစ် မေလမှာ ကိုလင်းဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ ကယ်လီဖိုးနီးယားက သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ကိုလာရင်း ကမ်မရွန်းနဲ့ ဂျန်နစ်ဆိုသူတို့ရဲ့ကားကို လမ်းကြုံလိုက်စီးခဲ့ပါတယ်။ ဒီလိုလမ်းကြုံစီးခဲ့တာက သူ့ဘဝရဲ့အဆိုးရွားဆုံးဆုံးဖြတ်ချက်မှန်း ကိုလင်းတစ်ယောက် ကြိုသိခဲ့လျှင် အခြေအနေက တစ်မျိုးတစ်ဖုံ ပြောင်းသွားနိုင်ပေမယ့် သူသိတဲ့အချိန်မှာ အခါနှောင်းသွားခဲ့ပါပြီ။ ဒီလိုနဲ့ပဲ လူများအော့နှလုံးနာစရာ နှမြောတသဖြစ်စရာ ဖြစ်ရပ်မှန် ကိစ္စဆိုးတစ်ခု ဖြစ်ပွားခဲ့ပါတော့တယ်။ ကင်မရွန်းနဲ့ ဂျန်နစ်က လင်မယား၂ယောက်ဖြစ်ပြီး လင်ဖြစ်သူက BDSMစွဲလမ်းသူ Dominaceတစ်ယောက် ဖြစ်ပေမယ့် မယားက submission typeဖြစ်မနေတာကြောင့် လင်မယား၂ယောက်ဟာ ကားတစ်စီးနဲ့ပတ်ရင်း လမ်းကြုံလိုက်စီးတဲ့မိန်းမငယ်လေးတွေကို ပြန်ပေးဆွဲပြီး လိင်ကျွန်ပြုလုပ်ရင်း လက်လွန်သွားရင် အလောင်း မကျန်အောင် လက်စဖျောက်တဲ့သူတွေပါ။ ကံဆိုးတဲ့ ကိုလင်းဟာ သူတို့နဲ့ပါ တည့်တည့်တိုးခဲ့ရပါတယ်။ ကိုလင်းဟာ သူတို့၂ယောက်ရဲ့လိင်ကျွန်အဖြစ် ၇နှစ်နေခဲ့ရသလို သူတို့လင်မယားရဲ့ ကလေးကိုပါ ထိန်းပေးရင်း အိမ်ဖော်သာသာ နေခဲ့ရပါတယ်။ ညဘက်အိပ်ရင် လင်မယား၂ယောက်ရဲ့ ကုတင် အောက်ထဲမှာ ဖွဲ့ထားတဲ့ လူတစ်ကိုယ်စာ သေတ္တာခန်းလေးထဲမှာ ဝင်အိပ်ရပြီး စိတ်မထင်သလို ကင်မရွန်းရဲ့ နှိပ်စက်မှုဒဏ်ကိုပါ ခံခဲ့ရပါတယ်။ ဒီလိုမျိုးဘဝကို ရောက်နေပေမယ့် ထွက်မပြေးရဲအောင် သူမဟာ လိင်လုပ်သားကုမ္ပဏီရဲ့ တရားဝင်ကျွန်ဖြစ်ကြောင်း၊ ထွက်ပြေးရင် မိသားစုပါအသက်အန္တရာယ်ရှိကြောင်း လိမ်ပြောထားတာကြောင့် ကိုလင်းခမျာ ၇နှစ်တာလုံးလုံး ကြီးစွာသောဒုက္ခကို ပြေးမရပြုမရ ခံစားခဲ့ရပုံကို ဖြစ်ရပ်မှန်အတိုင်း ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ သတိပေးလိုတာက အဖော်အပြကြမ်းတဲ့ ကားမျိုးမဟုတ်ပေမယ့် Sensitiveဖြစ်တတ်သူတွေအတွက် သင့်တော်တဲ့ဇာတ်ကားတော့ မဟုတ်ပါဘူး။ ဖြစ်ရပ်မှန်မှုခင်း စိတ်ဝင်စားသူတွေအတွက်တော့ စိတ်ဝင်စားစရာကောင်းသလို သင်ခန်းစာယူလို့လည်းကောင်းမယ့် ဇာတ်ကားပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre..... Crime, Drama Quality…. 1080p | 720p | 480p File size… 1.3GB | 566MB | 276MB Format… mp4 Duration…. 1h 47min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August