| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 4.6 GB | Download | |
| 1080p | 4.6 GB | Download | |
| 1080p | 4.6 GB | Download | |
| 720p | 1.7 GB | Download | |
| 720p | 1.7 GB | Download | |
| 720p | 1.7 GB | Download | |
| 720p | 1.7 GB | Download |
ထုတ်လွှင့်သည့်နေ့
November 11, 1947
ကြာချိန်
1h 58m
အဆင့်သတ်မှတ်ချက်
7.2 / 10
Director
Elia Kazan

Gentleman’s Agreement (1947) Rating – 7.2/10 Genre – Drama – Romance Directed by Elia Kazan Rotten Tomatoes- 82% ၁၉၅၄ခုနှစ်မှာ မြန်မာမင်းသမီးကြီး (ဒေါ်) ၀င်းမင်းသန်းပါနဲ့ တွဲသရုပ်ဆောင်ခဲ့တဲ့နာမည်ကြီးမင်းသား Gregory Peck ကိုတော့လူတိုင်းသိကြမယ်ထင်ပါတယ် အခု review ပေးမယ့်ကားကတော့ Gregory Peckရဲ့ Classic movie တွေထဲကတစ်ကားဖြစ်တဲ့ Gentlemans Agreement (1947 ) ကားလေးဖြစ်ပါတယ်။ ဒီ movie က Oscar Winner အဖြစ် Best Picture , Best Director , Best Actress in Supporting Role ဆိုတဲ့ ဆုသုံးဆုဆွတ်ခူးထားတဲ့ Movie လည်းဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်း ဇာတ်လမ်းရဲ့ အဓိက Storyline ကတော့ Anti – Semitism လို့ခေါ်တဲ့ အမေရိကားက လူမျိုးခွဲခြားရေး ဂျူးမုန်းတီးရေးကို ရည်ညွှန်းပြီးရိုက်ထားတာပါ Gregory Peck က ဒီထဲမှာ ဂျာနယ်လစ် စကူလာဂရင်းအဖြစ်သရုပ်ဆောင်ထားပါတယ် ၊ သူရဲ့ မိန်းမသေပြီးကတည်းက သားလေးတစ်ယောက်နဲ့ သူ့အမေနဲ့ အတူနေတယ် ၊ တစ်နေ့မှာတော့ သူတို့နေနေတဲ့ ကယ်လီဖိုးနီးယားပြည်ကနေ နယူးယောက်ကို အသိ သတင်းစာဌာနမှာ အလုပ်ရလို့ပြောင်းလာခဲ့တယ် ။ သူ့မိတ်ဆွေ ဂျွန် မီနီဖီးက သူ့ရဲ့ စာအရေးအသားတွေကိုကြိုက်တော့ သူ့ကို အရေးကြီးတဲ့အလုပ်တာဝန်ပေးခဲ့တယ် ။ ဂျူးလူမျိုးမုန်းတီးရေး ခေါ် လူမျိုးခွဲခြားမှုအကြောင်းရေးဖို့တာဝန်ပေးလိုက်တယ် ဂျွန်က သူရဲ့ တူမလေး ကတ်သီ နဲ့လည်း စကူလာဂရင်းကိုမိတ်ဆက်ပေးခဲ့တယ်။ ကတ်သီကလည်း ကွာရှင်းထားသူတစ်ယောက်ဖြစ်ပြီး စကူလာရေးတဲ့ ဂျာနယ်တွေတော်တော်များများဖတ်ရတာကြိုက်တဲ့သူ ။ ကတ်သီက သူ့ဦးလေးကို ဂျူးတွေအကြောင်းရေးဖို့ အကြံဉာဏ်ပေးခဲ့သူဆိုလည်းဟုတ်တယ် ။ အစပိုင်းမှာတော့ စကူလာ ဂရင်းက သူဒီ ဂျူးလူမျိုးတွေအကြောင်းရေးဖို့လက်မခံချင်ခဲ့ဘူး ၊ သူက အမေရိကန် ခရစ်စယာန် တစ်ယောက်ဖြစ်တဲ့ ဂျူးလူမျိုးတွေနေရာကနေ ရေးဖို့ အကြံမထုတ်နိုင်ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ သူက သူ့အမေနဲ့အဲအကြောင်းတိုင်ပင်ရင်း အကြံတစ်ခုထွက်ခဲ့တယ် ” ကျွန်တော်ဂျူးတွေခံစားချက်သိချင်ရင် ကျွန်တော်သူတို့နေရာမှာရှိနေမှ တကယ်ဘယ်လိုခံစားချက်တွေရှိမလဲဆိုတာသိမှာ ” ဆိုပြီး သူခြောက်လလောက်အထိ ဂျူးအဖြစ်နေဖို့ဆုံးဖြတ်ခဲ့ပြီး ဂျူးမုန်းတီးရေးတွေအကြောင်း လူမျိုးခွဲခြားရေးအကြောင်းရေးဖို့လက်ခံခဲ့တယ်။ သူတို့ မိသားစုက နယူးယောက်မှာရောက်တာလည်း မကြာသေးတော့ သူတို့က ဂျူးမိသားစုလို့ပဲ လူတိုင်းကိုသိစေခဲ့ပြီး ဂျူးအဖြစ် နေခဲ့တယ် နောက်ပိုင်းမှာတော့ သူ့သူငယ်ချင်း ဂျူးတစ်ယောက်ဖြစ်တဲ့ ဒေ့ဗ်လည်း နယူးယောက်ကို ရောက်လာခဲ့တယ် သူဂျူးအဖြစ်နေနေစဉ်အတွင်းမှာ သူတကယ်ခံစားလာရတဲ့ လူမျိုးရေးခွဲခြားမှုတွေ ၊ သူ့သားလေးအပေါ်ကျရောက်လာတဲ့ လူမျိုးရေး ခွဲခြားခံရမှုတွေ ၊ ဂျူးအစစ်ဖြစ်တဲ့ ဒေ့ဗ် တွေ့ကြုံခံစားရတဲ့ ခွဲခြားခံရမှုတွေ အများကြီးတွေ့ကြုံခဲ့ရတယ် ။ ဒါ့အပြင် ဂျူးလူမျိုးအဖြစ် နေလိုက်ခြင်းက သူနဲ့ကတ်သီရဲ့ သမီးရည်းစားဆက်ဆံရေးမှာ ဘယ်လိုထိခိုက်နစ်နာမှုတွေရှိလာမလဲ၊ ဘယ်လိုဖိအားတွေခံစားရမလဲဆိုတာကလည်း စိတ်ဝင်တစားကြည့်လို့ကောင်းတဲ့အကြောင်းအရာတွေပါပဲ။ နောက်ပိုင်းမှာ စကူလာအနေနဲ့ လူတွေလူမျိုးရေးခွဲခြားမှုမလုပ်အောင် ဘယ်လိုကြိုးစားလဲဆိုတာတွေကိုလည်း မြင်တွေ့ရမှာဖြစ်ပြီး သူနဲ့ ကတ်သီရဲ့ အချစ်ဇာတ်လမ်းလေးကရော ဇာတ်သိမ်းကောင်းပါ့မလားဆိုတာ မျက်တောင်မခတ်တမ်း စိတ်ဝင်တစားကြည့်ရှုနေရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ် တခြားလူမျိုးရေး ဘာသာရေးတွေအကြောင်းလည်းဗဟုသုတရရှိစေနိုင်မယ့် Movie လေးလည်းဖြစ်ပါတယ် စကူလာဂရင်းအဖြစ် Gregory Peck ကတ်သီ အဖြစ် Dorothy McGuire စကူလာ သူငယ်ချင်း ဒေ့ဗ် ဂိုမန်အဖြစ် John Garfield ရုံးက သူငယ်ချင်းဖြစ်တဲ့ အန်နီ အဖြစ် Celeste Holm တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် File size… 4.6 GB / 1.7 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 59m Genre ….. Romance/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Nway Nway Aung