
ဘောလီးဝုဒ်မင်းသမီးချော Deepika ပါဝင်ရိုက်ကူးထားတဲ့ အိန္ဒိယဒရာမာဇာတ်ကားသစ်တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်ကားရဲ့အကြောင်းအရာကတော့ အခုခေတ် Relationship တွေရဲ့နားလည်ရခက်ပြီး ရှုပ်ထွေးတဲ့သဘောသဘာဝတွေကို ကြည့်ရှုသူတွေပါရင်ခုန်စေမယ့် ရိုမန့်တစ်ဆန်ဆန်ဇာတ်ကွက်တွေနဲ့တင်ဆက်ထားတာပါ။ ယောဂဆရာမလေး Alisha နဲ့ စာရေးဆရာဖြစ်ဖို့ကြိုးစားနေတဲ့ Karan တို့ရဲ့ရည်းစားသက်တမ်းဟာခြောက်နှစ်ဆိုတဲ့ ကာလတစ်ခုကိုရောက်လာခဲ့ပါပြီ။ ဒါပေမယ့်သူတို့ကြားမှာထုတ်မပြောပေမယ့်သိသာနေတဲ့ငွေကြေးပိုင်းဆိုင်ရာ မကျေလည်မှုလေးတွေရှိနေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ အိမ်ခြံမြေသူဌေးလေး Zain ကသူတို့နှစ်ယောက်ကြားမှာ အဖုအထစ်ဖြစ်စေမယ့်အကြောင်းရင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် Zain ကလည်း Alisha ရဲ့ညီမဝမ်းကွဲဖြစ်သူ Tia နဲ့တွဲနေတာဖြစ်ပြီး သူတို့ကြားမှာလည်း ငွေကြေးနဲ့ပတ်သက်တဲ့သဘောထားမတိုက်ဆိုင်မှုလေးတွေရှိနေခဲ့တာပါ။ ဒါ့အပြင် Alisha၊ Tia နဲ့ Zain တို့ဟာ ဆိုးဝါးလှတဲ့ ငယ်ဘဝတွေ၊ မကောင်းတဲ့မိဘတွေနဲ့ကြုံခဲ့ရတာကြောင့် သူတို့ရဲ့အချစ်ရေးနဲ့သက်ဆိုင်တဲ့ဆုံးဖြတ်ချက်တွေအပေါ် သက်ရောက်မှုရှိသွားခဲ့တာလားဆိုတာကလည်း စဥ်းစားစရာပါပဲ။ အဲဒီဆုံးဖြတ်ချက်တွေကရော မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေဖြစ်ခဲ့ရဲ့လား။ ရက်စက်ခြင်းနဲ့ တစ်ကိုယ်ကောင်းဆန်ခြင်းကလည်း လူ့သဘာဝ၊လူသားဆန်ခြင်းတစ်မျိုးပဲမို့ သာမန်အမြင်နဲ့ကြည့်ရင် မှားတယ်လို့ယူဆထားတဲ့အရာတွေကိုလည်း တစ်ခါတစ်ရံမှာအပြစ်တင်လို့မရတဲ့အခါ အက်ကြောင်းတွေရှိနေတဲ့စုံတွဲနှစ်ခုရဲ့ လေးပွင့်ဆိုင်ဇာတ်လမ်းက ဘယ်လိုအဆုံးသတ်မှာလဲ။ အညွှန်းဖတ်ပြီးလောင်စရာချည်းပဲလို့တော့မတွေးလိုက်ပါနဲ့ဦး။ Romantic,Drama ဖြစ်တဲ့အပြင် ရိုက်ကွင်းပြင်ဆင်မှုနဲ့ သရုပ်ဆောင်၊ဒါရိုက်တာတွေရဲ့အားထုတ်မှုကြောင့် အရင်ဘောလီးဝုဒ်ကားတွေလို ပန်းခင်းထဲပတ်ပြေးပြီးကတာမျိုးထက်မိုက်တဲ့ ချစ်ခန်းကြိုက်ခန်းတွေအများကြီးကို စောင်ကိုက်ပြီး တစ်ဝကြီးကြည့်ရှုရဦးမှာပါ။ နိဂုံးချုပ်ရရင်တော့ အိန္ဒိယဒရာမာတွေကြိုက်တတ်တဲ့ပရိသတ်တွေအတွက် အချိန်နှစ်နာရီခွဲကုန်ရကျိုးနပ်မယ့်ဇာတ်ကားကောင်းတစ်ကားလို့ပဲညွှန်းလိုက်ပါရစေ။ File size…1.45GB / 700MB Quality…1080p WEB DL AAC 5.0CH / 720p AAC 2.0CH Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni , Shwe Pwint , Haruko
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |