
ဒီ ရုပ်ရှင်လေး အကြောင်း မပြောမှီ ကျနော်တို့ ဆယ်ကျော်သက်တွေ ကစားလေ့ ရှိတဲ့ ဂိမ်းတွေ အကြောင်းအရင် ပြောရမယ်ဆိုရင် ဖဲရိုက်မယ် ၊ မိုနိုပိုလီဆော့မယ် ၊ ဒိုးဇက်ဆော့မယ် ၊ ဒီလောက်တွေပဲ ဆော့ဖြစ်မယ်ထင်တယ် ဒါပေမယ့် ဒီ ရုပ်ရှင်ထဲက လူတွေကတော့ သူတို့ အားလပ်ချိန်တွေကို ဂိမ်းအသစ်အဆန်းတွေနဲ့ ဆော့ပြီး ပျော်ရွှင်စွာ အချိန်ဖြုန်းလေ့ ရှိပါတယ် ကိုယ်မသိသေးတဲ့ ဂိမ်းကစားနည်းတွေပါ အတော်များများ သိလိုက်ရပါတယ်... ရုပ်ရှင်ကား အစမှာ ပေါတောတော ဖြစ်မယ်လို့ ထင်ထားမိပြီး သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက် နဲ့ ဟာသ ဒိုင်ယာလော့ခ် တွေက ကောင်းလွန်းတော့ လုံး၀ ကို ဇတ်လမ်း အဆုံးထိ စွဲဆောင်သွားခဲ့ပါတယ်... February 22, 2018 မှာ ရုံစတင်ခဲ့ပြီး Budget ကို37 million USD လောက်သုံးခဲ့ပြီး Box office မှာ $108.5 million ထိ ပြန်ဝင်ခဲ့ပါတယ်... IMDb မှာ 7.2 လောက်ရထားပြီး rottentomatoes မှာတော့ 82% လောက်ထိ အမှတ်ရထားပါတယ် ဇတ်ကားအမျိုးအစားကတော့ အဓိက Comedy ဖြစ်ပါတယ် ထူးခြားချက်ကတော့ နည်းနည်းအပြောအဆိုလေးတွေ ကြမ်းတာကလွဲရင် မိသားစု နဲ့ အတူကြည့်ပြီး ဟေးဟေး ဟားဟား ဆိုပြီး ရယ်နိုင်မောနိုင်မယ့် ရုပ်ရှင်ကားမျိုး ဖြစ်ပါတယ် ကဲ ရုပ်ရှင် အကြောင်း စပါမယ် မတ် နဲ့ အန်နီ ဟာ ဂိမ်းကစားရတာ အရမ်းဝါသနာပါပြီး အဖွဲ့ထဲမှာလဲ အရမ်းထူးချွန်သူတွေပါ တစ်နေ့မှာတော့ Game ကစားတဲ့ ဘားတစ်ခုမှာ ဆုံစည်းရင်း ချစ်ကြိုက်သွားရာကနေ လက်ထပ်ယူတဲ့ အဆင့်ထိ ဖြစ်သွားခဲ့ပြီး ဘ၀ ကို ၂ ယောက်ထဲ ပျော်ရွှင်စွာ ဖြတ်သန်းလေသတည်းပေါ့ ဒီမှာတင်ပဲလား ?.... မဟုတ်သေးပါဘူး သူတို့မှာ Game Night ဆိုတာ ရှိပါတယ် သူငယ်ချင်းတွေ စုကြ သောက်ကြ ပြီး Game တွေ အပြိုင်ဆော့တဲ့ Game Night Party လေးပေါ့ အရမ်းကို ပျော်ဖို့ ကောင်းပါတယ်.. မတ် နဲ့ အန်နီ တို့ မှာ အိမ်နီးချင်း တစ်ဦး ရှိပါတယ် ဂယ်ရီ လို့ ခေါ်တဲ့ ရဲ တစ်ဦးပါ သူ့ပုံစံက နည်းနည်း ကြောင်တောင်တောင် နိုင်ပြီး မိန်းမ နဲ့လဲ ကွဲထားသူပါ ဂယ်ရီ က မတ် တို့ လုပ်တဲ့ Game Night ကို အမြဲတမ်း ပါချင်သူ ဖြစ်ပေမယ့် မတ် နဲ့ အန်နီ ကတော့ ဂယ်ရီလို အူကြောင်ကြား ဉာဏ်ရည်မမှီတဲ့ ပုံစံမျိုး ကို ဘယ်တော့မှ သူတို့ အိမ်ရဲ့ Game Night Party ကို အဝင်မခံခဲ့ပါဘူး အကြောင်းပြချက် အမျိုးမျိုး နဲ့ ဖယ်ထုတ်ခဲ့စမြဲပါပဲ... ဒီလိုနဲ့ တစ်နေ့မှာတော့ မတ် ရဲ့ အကိုအရင်း ဖြစ်သူ ဘရော့ဘ် ဟာ အလုပ်ကိစ္စတစ်ခုနဲ့ မတ်တို့ နေတဲ့ မြို့လေးကို ရောက်ရှိလို့လာခဲ့ပါတယ်... မတ် နဲ့ အန်နီ တို့ ကျင်းပတဲ့ Game Night ပွဲလေးဟာ အရမ်းကို ပျင်းဖို့ ကောင်းတယ် ဒီတော့ သူကိုယ်တိုင် Leader လုပ်ပြီး အိမ်အကြီးကြီး တစ်ခုမှာ ဘယ်သူတစ်ဦး တစ်ယောက်နဲ့မှ မတူတဲ့ Game တစ်ခုကို ကစားကြမယ်လို့ ပြောပြီး ညီဖြစ်သူ မတ် နဲ့ သူငယ်ချင်းတွေကို Invite လုပ်ခဲ့ပါတယ် ဒီလိုနဲ့ မတ် နဲ့ အန်နီ ဟာ သူငယ်ချင်းတွေ ကို ခေါ်ပြီး အကိုဖြစ်သူ ဘရော့ဘ် ရဲ့ အိမ်တော်ကြီးသို့ ရောက်ရှိခဲ့ပြီး အကိုဖြစ်သူ ဆော့မယ့် Game ဟာ သူတို့ တစ်ခါမှ မကြုံဖူးသေးတဲ့ ထူးထူးဆန်းဆန်း အမျိုးအစား တစ်ခု ဖြစ်ကြောင်း သိရှိသွားခဲ့သော် အခါ..... ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူတွေကတော့ May Myat Thu & Myo Thant Kyaw တို့ဖြစ်ပြီး Thit San Khant မှ အညွှန်းရေးပေးထားပါတယ်
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |