
Friday Killer (2011) 2010တုန်းက ထွက်ခဲ့တဲ့ Saturday Killerရဲ့ ပြီးခါနီးနားမှာ Pae Uziအကြောင်း အရိပ်အမြွက်ပါခဲ့ပြီး ဒီ Friday Killer မှာတော့ Pae Uzi အကြောင်းကို အဓိကရိုက်ထားပါတယ်။ ဇာတ်လမ်းအစမှာတော့ ကျွမ်းကျင်သေနတ်သမားဖြစ်တဲ့ Pae Uzi ဟာ ထောင်ကထွက်ထွက်ချင်းမှာပဲ ဓားနဲ့ထိုးခံခဲ့ရပါတယ်။ ဓားဒဏ်ရာနဲ့ ဆေးရုံရောက်သွားချိန်မှာ Pae Uzi သိလိုက်ရတာက သူ့မှာ သမီးတစ်ယောက်ရှိတယ်ဆိုတာပါပဲ။ သမီးဖြစ်သူ ရဲမေ Dao အရွယ်ရောက်တဲ့အထိ ကိုယ့်သမီးမှန်း မသိခဲ့ရတဲ့ Pae Uzi က သူ့သမီးအိမ်ကို သွားရောက်လေ့လာတဲ့အချိန် ကံဆိုးစွာပဲ Dao ရဲ့ ဖခင်ကို သတ်လိုက်မိပါတယ်။ Dao ကတော့ Pae Uzi ကို အဖေရင်းမှန်းမသိဘဲ ဖခင်လို့ထင်ထားတဲ့သူ သေသွားရလို့ Pae Uzi ကို အငြှိုးကြီးကြီးနဲ့ လိုက်လံဖမ်းဆီးရင်း … သေနတ်သမားဖခင်နဲ့ ရဲဖြစ်သူသမီးကြားမှာ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကိုတော့… ဆက်လက်ခံစားကြည့်ရှုကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Khine Khine Wai ပါ။) File Size : 1.2GB, 513B, 293MB Quality :1080p WEB-DL, 720p WEB-DL, 480p Format : mp4 Duration : 2hr 19mins Genre : Action, Comedy, Drama Translated by Khine Khine Wai Encoded by Kinnov