
Forgetting Sarah Marshall (2008) ~ IMDb – 7.1/10, Rotten Tomatoes – 83% ~ ကိုယ့်ရဲ့ချစ်သူနဲ့လမ်းခွဲရပြီဆိုပါတော့… လူတိုင်းက ပူဆွေးမယ်၊ ဝမ်းနည်းမယ်၊ နာကျည်းမယ်၊ ခံစားရခက်မယ်။ ဒါပေမယ့် တစ်ချိန်ချိန်ကျရင်တော့ ဒီစိတ်ခံစားမှုတွေက ရုန်းထွက်ပြီး ကိုယ့်လမ်းကိုယ်ပြန်လျှောက်ရတာပါပဲ။ ဒီအတိုင်းပါပဲ “ဆာရာမာရှယ်ကိုမေ့ပစ်ခြင်း” ဆိုတဲ့ ဒီဇာတ်ကားထဲမှာ ချစ်သူ နာမည်ကျော်မင်းသမီး ဆာရာမာရှယ်ရဲ့လမ်းခွဲစကားကိုကြားခဲ့ရပြီးတဲ့နောက် ဂီတသမား ပီတာဘရက်ထာရဲ့ဘဝက စုတ်ပြတ်သွားပါတော့တယ်။ စိတ်ပြေလက်ပျောက်ဖြစ်အောင် ဟာဝိုင်အီကို ခရီးထွက်ပြန်တော့လည်း အဆက်ဟောင်း ဆာရာမာရှယ်က ကောင်လေးအသစ်နဲ့ ဟာဝိုင်အီကိုရောက်နေပြန်ပါတယ်။ ဒီလိုအဖြစ်မျိုးမှာတောင် သူ့ဘဝရဲ့အဓိပ္ပာယ်ကို ဘယ်ပုံဘယ်နည်းနဲ့ပြန်ရှာတွေ့သွားလဲဆိုတာကို ရိုက်ပြထားတဲ့ ဇာတ်ကားပါ။ ရိုးရှင်းတဲ့ ဇာတ်လမ်းဆိုပေမယ့် လူတွေရဲ့ သဘောသဘာဝကို ချပြထားတဲ့ရုပ်ရှင်ဆိုရင်လည်းမမှားပါဘူး။ ချစ်သူရည်းစားတွေကြားထဲမှာ ကိုယ့်အတွက်ကဘာမဟုတ်တဲ့ကိစ္စလေး၊ ကိုယ့်အတွက်လုပ်နေကြကိစ္စလေးဆိုပေမယ့် အချင်းချင်းမပွင့်လင်းကြတဲ့အခါ အမှိုက်ကစ ပြဿာဒ်မီးလောင်သွားတာတွေ၊ ကိုယ့်ဘေးမှာရှိနေခဲ့တုန်းက တန်ဖိုးမထားခဲ့ဘဲ နောင်တစ်ချိန်မှအခါလွန်မိုးရွာချတတ်တာတွေပေါ့။ Frozen Animation ထဲက မင်းသမီးအန်နာအဖြစ် အသံသရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Kristen Bell အပြင် Black Swan ရုပ်ရှင်မှာ ဇာတ်ပို့မင်းသမီး၊ Friends with Benefits မှာခေါင်းဆောင်မင်းသမီးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးညိုချောလေး Mila Kunis တို့က အဓိကမင်းသမီးနှစ်လက်အနေနဲ့ပါဝင်ထားပါတယ်။ မင်းသားကတော့ မသိပါဘူး။ စတာပါ :3 ပီတာဘရက်ထာအဖြစ် How I Met Your Mother Sit-com ထဲက Marshall တဖြစ်လဲ Jason Segel ကသရုပ်ဆောင်ထားပါတယ်။ ကိုင်း ညွှန်းတာလည်းများပြီဆိုတော့ IMDb – 7.1/10, RT – 83% ရထားတဲ့ ဟာသရိုမန့်စ်ကားလေးကိုကြည့်ရှုခံစားလိုက်ကြပါဦး။ ဪ ဒါနဲ့… ကွက်ကွက်ကွင်းကွင်းအခန်းလေးတွေ အနည်းငယ်ပါတဲ့အပြင် အသုံးအနှုန်းတွေကလည်း နည်းနည်းတော့ကြမ်းပါတယ်လို့ သတိလေးတော့ပေးခဲ့ချင်ပါသေးတယ်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 1.1GB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 51Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.2GB | Download | |
| 1080p | 2.2GB | Download | |
| 1080p | 2.2GB | Download | |
| 1080p | 2.2GB | Download | |
| 1080p | 2.2GB | Download | |
| 720p | 1.1GB | Download | |
| 720p | 1.1GB | Download | |
| 720p | 1.1GB | Download | |
| 720p | 1.1GB | Download | |
| 720p | 1.1GB | Download |