
ဒီဇင်ဘာအားလပ်ရက်တွေရောက်ပြီဆိုတော့ အားလုံးစိတ်အပန်းပြေစေဖို့ Comedy movie လေးတစ်ပုဒ် ဘာသာပြန်တင်ဆက်ပေးထားပါတယ်။ ဘရက်ဒ်နဲ့ ကယ်ရိုလိုင်းဟာ လူတိုင်းအားကျရတဲ့ နယူးယော့ခ်အထက်တန်းလွှာက ဇနီးမောင်နှံနှစ်ယောက်ပေါ့။ ဒါပေမဲ့ လူတွေမသိတဲ့ကန့်လန့်ကာနောက်မှာ သူတို့ဟာ အိမ်ထောင်ရေးပြဿနာတွေ၊ ငွေရေးကြေးရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး သူတို့ပတ်ဝန်းကျင်ကအရာရာတိုင်းကလည်း ဟန်ဆောင်မှုတွေနဲ့ချည်း ပြည့်နှက်နေခဲ့တာပါ။ ဒီလိုနဲ့ ထင်မှတ်မထားတဲ့ပြဿနာတချို့ကြောင့် သူတို့လင်မယားဟာ သူတို့တကယ်မကျူးလွန်ခဲ့တဲ့ အခွန်ရှောင်မှုဆိုတဲ့ခေါင်းစဉ်အောက်မှာ ဝရမ်းပြေးတွေဖြစ်သွားခဲ့ပြီး ပြည်နယ်အစွန်အဖျားက အာမစ်ရှ်အဖွဲ့အစည်းလေးတစ်ခုထဲမှာ ကိုယ်ယောင်ဖျောက်နေခဲ့ကြပါတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေကိုပဲ မက်မောစရာအဖြစ် တစ်သက်လုံးသက်မှတ်လာကြတဲ့သူတို့အတွက် ဆင်းရဲတဲ့ဒီအဖွဲ့အစည်းလေးက ငရဲလို့ထင်စရာဖြစ်ပေမဲ့ ရိုးသားမှု၊ စစ်မှန်မှုတွေကို ရှာဖွေတွေ့ရှိသွားတဲ့အခါမှာတော့ သူတို့အတွက်ဘဝဟာ ပိုပြီးအဓိပ္ပါယ်ရှိလာခဲ့ပါတယ်။ ဇာတ်ကားက ဘာမှစိတ်ညစ်စရာ အလေးကြီးတွေမပါဘဲ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရမဲ့ကားလေးမို့ စိတ်တွေရှုပ်နေတယ် စိတ်အပန်းပြေချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကြည့်ရင်းအနားယူဖို့ အကြံပေးပါရစေနော်။ File size…(1.58GB) / (1.09GB) / 375.41MB Quality…. Web/1080p / 720p / 480p Format…mp4 Duration….01:23:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mariposa