
2022 မှာ Netflix ကနေ အသစ်ထွက်ရှိလာတဲ့ ဂျာမန်ဒရာမာ လူငယ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ယိုယို နဲ့ ပေါလ်လာ တို့က ငယ်ငယ်တည်းက ဘယ်သူမှခွဲမရအောင်ကို အရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ပေါ့။ အရွယ်ရောက်လာတဲ့ အခါ မှာလည်း တစ်အိမ်တည်းနေတဲ့ ဆိုးတူကောင်းဖက်တွေ ဖြစ်လာပါတယ်။ တစ်နေ့မှာတော့ ယိုယိုတစ်ယောက် ဒန်နီရယ်ဆိုတဲ့ ကောင်လေးတစ်ယောက်ကို တကယ်ကြီးချစ်မိသွားပြီး လက်ထပ်ဖို့ထိ စီစဉ်လာပါတော့တယ်။ အဲဒီအချိန်မှာ ယိုယို့ကို ဆုံးရှုံးမခံနိုင်တဲ့ ပေါလ်လာက သူတို့ မင်္ဂလာပွဲ မပျက်ပျက်အောင် ဖျက်ဆီးဖို့လိုက်လံကြံစည်တာပေါ့။ ပေါလ်လာက ဒန်နီရယ့်ရဲ့ နောက်ကြောင်းတွေ လိုက်စုံစမ်းပြီး ယိုယို့အတွက်မသင့်တော်ကြောင်း သိလာရတဲ့အခါမှာ ယိုယို့ကို ဒီအကြောင်းတွေ သိလာအောင် ပြောပြဖို့ ကြိုးစားပါတော့တယ်။ အချစ်ရဆုံးသူငယ်ချင်းဖြစ်သူ ပေါလ်လာနဲ့ ကိုယ်လက်ထပ်ချင်တဲ့ တစ်ဦးတည်းသော ယောက်ျားလေးဖြစ်တဲ့ ဒန်နီရယ် နဲ့ကြား ယိုယို့ရဲ့ ဗျာများရပုံတွေအပြင် အဆုံးသတ်မှာ ယိုယို ဘယ်သူ့ကိုရွေးချယ်မလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှု့ရမယ့် ဇာတ်လမ်း ကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဒီကားလေးမှာတော့ ယိုယို အဖြစ် Nina Gummich၊ ပေါလ်လာ အဖြစ် Caro Cult နဲ့ ဒန်နီရယ် အဖြစ် Steven Sowah တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(2.83 GB) / (919 MB) / (544 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 36mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......May Thet Khine Soe Encoder..........SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |
ထုတ်လွှင့်သည့်နေ့
July 11, 2022
ကြာချိန်
1h 37m
အဆင့်သတ်မှတ်ချက်
3.9 / 10
Director
Barbara Ott