
သင်တို့သင်တို့သိပ်ချစ်ရတဲ့ ချစ်သူကိုလက်လွှတ်ဆုံးရံှူးရရင် အရမ်းကိုဝမ်းနည်းနေကြမှာလား... သိပ်ကိုဝမ်းနည်းကြမှာပေါ့ ... ကိုယ်သိပ်ချစ်ရတဲ့လူပဲလေ... ထပ်မေးချင်တာက သင်တို့ရဲ့ချစ်သူ စိတ်ကောက်နေတဲ့အခါမှာ အနားမလာနဲ့ ဖုန်းမဆက်နဲ့လို့ ပြောလိုက်ရင် သင်တို့အရမ်းကို ကမ္ဘာပျက်မတတ်ခံစားကြမှာလား... သိပ်ကိုခံစားကြမယ်ထင်ပါတယ်... ဘာလို့လဲဆိုတော့ သင်တို့ချစ်ရဲ့ချစ်သူကောင်လေးတွေ ကောင်မလေးတွေရဲ့ အနားမှာ သင်တို့သိပ်ကိုနေချင်ကြတာကိုး... ဒါပေမယ့် ဒီကားထဲကကောင်လေးနဲ့ ကောင်မလေး နှစ်ယောက်လိုအဖြစ်မျိုးဆိုရင်တော့ သင်တို့ဘယ်လိုမှ ခံစားနိုင်မှာမဟုတ်လောက်ပါဘူး.... သူတို့လောက်လည်း ချစ်နိုင်မယ်မထင်ပါဘူး... ကားလေးကတော့ ရိုးရိုးလေးနဲ့ ဆယ်ကျော်သက်အရွယ် ရောဂါသည်လူနာလေးနှစ်ယောက်ရဲ့ သနားစရာအချစ်ပုံပြင်လေးကို ဇာတ်အိမ်တည်ထားတာပါ.... Rating 7.1 အထိရရှိထားတဲ့ ဒီကားလေးထဲမှာတော့ riverdaleရဲ့မင်းသားချောလေး cole sprouseပါဝင်သရုပ်ဆောင်ထားပါတယ် cystic fibrosisလို့ခေါ်တဲ့မွေးရာပါမျိုးရိုးဗီဇအရရောဂါရှိတဲ့သူတွေအကြောင်းကို ဒရမ်မာဆန်ဆန်ရိုမန်တစ်ဆန်ဆန်ရိုက်ကူးထားတာပါ ရောဂါရှိတဲ့သူတွေအချင်းချင်းအနားကပ်ထိတွေ့မိရင်ရောဂါပိုဆိုးရွားလာနိုင်တာကြောင့် တစ်ယောက်နဲ့တစ်ယောက်ခြောက်ပေအကွာမှာနေရမယ်ဆိုတဲ့စည်းမျဉ်းကြီးတစ်ခုရှိပါတယ် (ကားနာမည်ကဘာလို့five feet apartလည်းဆိုတာတော့ ဇာတ်လမ်းထဲမှာကြည့်ကြည့်လိုက်ပါနော်) ရောဂါရှိတဲ့သူနှစ်ယောက်ဆေးရုံတစ်ရုံထဲမှာတွေ့ပြီး တစ်ယောက်နဲ့တစ်ယောက်ချစ်မိသွားတဲ့အခါ... ကိုယ်ချစ်ရတဲ့သူကိုထိတွေ့ဖို့မပြောနဲ့အနားတောင်ကပ်ခွင့်မရှိတဲ့သူတို့ဘဝလေးနှစ်ခု နောက်ဆုံးမှာအဆုတ်အစားထိုးကုသခွင့်ကိုကောင်မလေးကရလာတဲ့အခါမှာ... ကောင်လေးကိုအသက်တမျှချစ်တဲ့ကောင်မလေးဘာတွေလုပ်မလဲ... ကောင်လေးကရောအသက်ရှင်နိုင်မလားဆိုတာတွေကိုတဝကြီးငိုပြီးကြည့်ရမှာပါ ... ဒီကားလေးကိုကြည့်ပြီး သင်တို့လည်း သင်တို့ချစ်သူတွေကို ၆ ပေအကွာမပြောနဲ့ ၁ ပေအကွာမှာတောင် နေလို့ရလား .... သူပျော်နေတာလေးကိုပဲ အဝေးကြီးကနေ ကြည့်နေနိုင်လား... တကယ်လို့ အဲလိုမနေနိုင်ဘူးဆိုရင် အနားမှာရှိတဲ့ချစ်သူကို ချစ်နိုင်တုန်း ရတဲ့ အချိန်လေးမှာ ချစ်ကြပါ... ဒီကားလေးကြည့်ပြီး ချစ်တဲ့လူတိုင်းခံစားနိုင်ကြပါစေ.... File Size : (1 GB) & ( 414 MB) Quality : WEB-DL 720p Running Time : 1 hr 56 min Format : Mp4 Genre : Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Phue Encoded by Moe Myint Lwin