
၁၉၈၇ တုန်းကထွက်ရှိခဲ့တဲ့ Three O’Clock High ဆိုတဲ့ လူငယ်ဟာသဇာတ်ကားကို မှီ ငြမ်းပြီး ဆန်းသစ်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အန်ဒီကန့်ဘဲလ်ဟာ အနေ အေးတဲ့ အထက်တန်းကျောင်း အင်္ဂလိပ်ဆရာတစ်ယောက်ဖြစ် ပြီး စီနီယာလုပ်ဖော်ကိုင်ဖက်တွေ ရဲ့ နောက်ပြောင်ကျီစယ်မှုတွေ၊ ဒုက္ခပေးမှုတွေကြားမှာ လိုက် လျောညီထွေဖြစ်အောင် ကြိုးစား နေထိုင်သူ တစ်ယောက်ဖြစ်ပါ တယ်။ အန်ဒီ အဲဒီလိုနေနေတဲ့ ကြားက တစ်ရက်မှာတော့ အခြေ အနေတွေက အဆိုးဘက်ကို ရောက်သွား ခဲ့ပါတယ်။ ဘာ ကြောင့်လဲဆိုရင် အန်ဒီကြောက် ရတဲ့ခပ်ဆိုးဆိုးဆရာတစ်ယောက် ကို အလုပ်ပြုတ်အောင် လုပ်မိသ လိုဖြစ်ခဲ့လို့ပဲဖြစ်ပါတယ်။ အဲဒီ ခပ်ဆိုးဆိုးပုဂ္ဂိုလ် ရွန်စထရစ်လန်း ဟာ ရှေးရိုးဆန်တဲ့ အလေ့အထ တွေကိုစွန့်လွှတ်ဖို့အတွက် အန်ဒီ ကိုကျောင်းပြီးချိန်မှာ မကျေပွဲဆင် နွှဲဖို့ စိန်ခေါ်ခဲ့ပါတယ်။ ဆရာနှစ်ယောက်ရဲ့ တိုက်ပွဲ ဟာ ကျောင်းသားတွေကြားမှာ ရော အွန်လိုင်းမှာပါ ပျံ့နှံ့သွားခဲ့ ပြီး လူစိတ်ဝင်စားစရာအကြောင်း အရာတစ်ခုဖြစ်ခဲ့ပါတော့တယ်။ နဂိုကတည်းက ကြောက်လည်း ကြောက်တတ်၊ အေးလည်းအေး တဲ့ အန်ဒီအဖို့ ဒီလိုစိန်ခေါ်မှုကြီး က အရမ်းထိတ်လန့်စရာတစ်ခု လည်းဖြစ်ပါတယ်။ အဲဒါနဲ့ အန်ဒီ ဟာ ဘယ်လိုတုံ့ပြန်တိုက်ခိုက်ရ မယ်ဆိုတာကို အခြားဆရာ၊ဆရာ မတွေဆီက အကြံတောင်းပြီး တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့ပါတော့ တယ်။ ဒီကြားထဲမှာလည်း ရွန်စထ ရစ်လန်းရဲ့ ပြဿနာရှာမှုတွေ ကြောင့် အန်ဒီဒုက္ခရောက်ခဲ့ပြီး နောက်ဆုံးစိန်ခေါ်တဲ့နေ့မှာ ထိပ် တိုက်ရင်ဆိုင်မှာလား။ ဘာတွေ ဆက်ဖြစ်ကြမလဲ ဆိုတာတော့ ရယ်ရင်းမောရင်း ကိုယ်တိုင်သာ ဆက်ကြည့်လိုက်တော့နော်။ ရုပ် ရှင်ဝေဖန်သူတွေကတော့ စကား လုံးကြမ်းကြမ်းတွေသုံးထားလို့၊ ဆရာတွေက ဆယ်ကျော်သက် တွေလို ပြုမူလို့စသဖြင့် ဝေဖန် ထားမှုတွေတော့ ရှိထားပါတယ်။ ဒီဇာတ်ကားမှာ အန်ဒီကန့် ဘဲလ်အဖြစ် ချာလီဒေး၊ ရွန်စထ ရစ်လန်းအဖြစ် အိုက်စ်ကျူဘ်၊ မစ္စမိုနက်အဖြစ် ခရစ္စတီးနား ဟန် ဒရစ်စတဲ့ သရုပ်ဆောင်တွေပါဝင် ထားကြပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ (http://www.7daydaily.com) မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ Khin Pyae Sone Kyaw ပဲဖြစ်ပါတယ်) File Size : (680 MB) and (350 MB) Quality : Bluray 720p Running Time : 1hr 31minutes Format : Mp4 Genre : Comedy Translated By Khin Pyae Sone Kyaw Encode By Thanhtike Zaw