
Firefighters (2024) ******************** ကိုရီးယားနိုင်ငံ ဟုန်းဂျယ်ဒုံမှာ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ မီးလောင်မှုကို အခြေခံပြီး ရိုက်ကူးထားတဲ့ “Firefighters” ဇာတ်ကားကြီး ထွက်ရှိလို့ လာပါပြီ။ Kwak Do Won, Joo Won, Lee Jun Hyuk, Oh Dae Hwan, Lee Yoo Yeong အစရှိတဲ့ နာမည်ကြီး သရုပ်ဆောင်တွေ အများအပြား ပါဝင်ထားတဲ့ ဒီကားလေးမှာတော့ ပြည်သူတွေရဲ့ အသက်အိုးအိမ်နဲ့ စည်းစိမ်တွေကို ကာကွယ်ဖို့အတွက် နေ့ရက်တိုင်းကို နောက်ဆုံးနေ့အဖြစ် သတ်မှတ်ပြီး ရှင်သန်နေကြတဲ့ မီးသတ် သူရဲကောင်းတွေရဲ့ ဘဝကို မီးမောင်းထိုးပြီး ရိုက်ကူး ပြသထားပါတယ်။ ဇာတ်လမ်းအညွှန်း- မီးသတ်တပ်ဖွဲ့ထဲကို လူသစ်အနေနဲ့ ဝင်ရောက်လာတဲ့ ချောအွန်း (Joo Won) ဟာ လုပ်ဖော်ကိုင်ဖက်ကို ဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်ကြောင့် အပြစ်မကင်းတဲ့ စိတ်နဲ့ နေထိုင်နေခဲ့ရပါတယ်။ ဒီအချက်ကြောင့်ပဲ ချောအွန်းဟာ ရာထူးမြင့်တဲ့ နေရာကို တက်လှမ်းပြီး ကယ်ဆယ်ရေး တပ်ဖွဲ့ရဲ့ ညွှန်ကြားမှု စနစ်ကို ပိုမွန်ကောင်းမွန်အောင် လုပ်ဖို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ ဒီအချက်တွေကြောင့်ပဲ အထက်လူကြီးနဲ့ ချောအွန်းတို့ကြားမှာ ကတောက်ကဆလေးတွေ ရှိလာခဲ့ပြီး လုပ်ဖော်ကိုင်ဖက်ကို ဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်ကြောင့် တခြား မီးသတ် တပ်ဖွဲ့ဝင်တွေရဲ့ စိတ်ထဲမှာလည်း အတွေး အမြင် ကိုယ်စီ ရှိလာကြပါတယ်။ ဒီလိုမျိုး ကတောက်ကဆလေးတွေ ရှိနေကြတဲ့ အခြေအနေမှာပဲ ဟုန်းဂျယ်ဒုံမှာ မီးလောင်မှုအကြီးကြီး ဖြစ်ပွားခဲ့ပြီး လောင်မြိုက်နေတဲ့ မီးတောက်တွေကြားမှာ ပြည်သူတွေကို အသက်ပေး ကာကွယ်ရင်း ကိုယ်ကျိုးစွန့်သွားကြမဲ့ သူရဲကောင်းတို့ရဲ့ ပုံရိပ်ကို မျက်ဝါးထင်ထင် မြင်တွေ့ရမှာမို့လို့ ကြည့်ရှူဖို့ ညွှန်းဆိုလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ရေးသားပေးထားပါတယ်။) File Size : 1.78GB/ 870MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:47:00 Genre : Action, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet, Miri & Hnin Wai Oo Encoded by Tiff
| Provider | Resolution | File Size | |
|---|---|---|---|
| WEB-DL 1080p | 1.78GB | Download | |
| WEB-DL 1080p | 1.78GB | Download | |
| WEB-DL 1080p | 1.78GB | Download | |
| WEB-DL 1080p | 1.78GB | Download | |
| WEB-DL 720p | 870MB | Download | |
| WEB-DL 720p | 870MB | Download | |
| WEB-DL 720p | 870MB | Download | |
| WEB-DL 720p | 870MB | Download | |
| WEB-DL 720p | 870MB | Download |
ထုတ်လွှင့်သည့်နေ့
December 4, 2024
ကြာချိန်
1h 46m
အဆင့်သတ်မှတ်ချက်
7.2 / 10
Director
Kwak Kyung-taek