
Genre - Romance, Drama IMDB – 6.4/10 စိမ်းလန်းတဲ့ရှုခင်းတောတောင်သဘာဝတွေနဲ့ အိုင်းရစ်ရှ်တေးဂီတ တွေနဲ့အတူ ကမ္ဘာမတူတဲ့နှစ်ခုက လူနှစ်ယောက်ရဲ့ အချစ် ဇာတ်လမ်းလေး ကြည့်ကြရအောင်ဗျာ။ ဇာတ်လမ်းလေးကတော့ တယောဂီတ လူရွေးပွဲမဝင်လို စိတ်ပျက်လက်ပျက်နဲ့ နိုင်ငံခြားပရိုဂရမ်ယူပြီး အိုင်ယာလန်ကို အစ်ကိုခြေရာအတိုင်းနင်းပြီး သွားမယ့်ကောင်မလေး တစ်ယောက်။ သွားနေတဲ့လမ်းခရီးမှာတင် ဘတ်ကက်ဆိုတဲ့ နာမည်ကြီး မိန်းကလေးတွေအသည်းစွဲ ဟော့ရှော့မင်းသားနဲ့ တွေ့ခဲ့ပါတယ်၊ တွေ့ကတည်းက ဘုနဲ့ဘောက်ပေါ့။ အိုင်ယာလန် မြိုငယ်လေးကိုရောက်တော့လည်း တည်းတဲ့နေရာမှာ တစ်နေရာတည်းဖြစ်နေကြသောအခါ.... ဘဝကို အပြောင်းအလဲဖြစ်ချင်နေတဲ့ ကောင်မလေးတစ်ယောက် ဒီနေရာသစ်တစ်ခုမှာ ပညာတွေဘယ်လိုယူပြီး တိုးတက်သွားနိုင်မလား... စိတ်ကြီးဝင် အသောက်အစား အပျော်အပါးမက်တဲ့ ရုပ်ရှင် မင်းသားတစ်ယောက်ရဲ့ ဘဝအမှန်တွေ.... တစ်ယောက်ကို တစ်ယောက် စတွေ့တုန်းက ကြည့်မရကြပေမယ့် ဘယ်လိုအဆင်ပြေပြီး အထောက်အပံ့တွေ ပေးနိုင်သွားမယ်... ဆိုတာကို ရိုက်ကူးထားတဲ့ အချစ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ စိမ်းစိုသာယာနေတဲ့ အိုင်ယာလန်ရှုခင်းတွေ မျက်စိအေးအောင် ကြည့်ရမယ်၊ အိုင်ရှစ်ရိုးရာသံစဉ်တွေ ဓလေ့တွေ လူအကျင့်စရိုက်လေးတွေ လေ့လာခွင့်ရမယ်။ ခွင့်လွှတ်ခြင်း၊ မေတ္တာတရား၊ မိသားစု၊ သံယောဇဉ်တွေ ရသအဖုံဖုံ ခံစားရမှာပဲဖြစ်ပါတယ်။ အားလုံးပဲကြည့်ရှုခံစားပြီး ဘဝအမောပြေပျောက်နိုင်ကြပါစေခင်ဗျာ.... ( အညွှန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ပဲ ဖြစ်ပါတယ် ) File size…1.99GB / 797MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 59m Genre ..... Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung