
ပေ့ဂျ် ဆိုတဲ့ကောင်မလေးဟာ မိန်းကလေးပီပီ တခြားသူတွေလို အချစ်ဒရမ်မာကားလေးတွေကြည့် လှတပတလေးတွေဝတ်ပြီးနေချင်ပုံရတယ်...သို့ပေမယ့် တစ်နေတော့ သူမရဲ့ အဖေနဲ့ အမေရဲ့စီစဉ်မှုကြောင့် နပမ်းပွဲတစ်ခုမှာ ပြိုင်ပွဲမဝင်ချင်ဘဲ ဝင်လိုက်ရတယ်... သူမနဲ့ ယှဉ်ပြိုင်သူကို ကြမ်းပြင်ပေါ်တစ်ချက်ထဲနဲ့မှောက်သွားစေနိုင်မယ့် ဖြတ်ရိုက်ကွက်တစ်ကွက်သုံးလိုက်တယ်...အဲ့ဒီအချိန်မှာ ပွဲကြည့်တဲ့သူတွေရဲ့ " လုပ်ထားစမ်းကွ....မိုက်တယ်... မင်းသမီးလေး လုပ်ထားစမ်း"ဆိုပြီး လက်ခုပ်သံတစ်ဖြောင်းဖြောင်းက သူမရဲ့စိတ်တွေနဲ့ ဗီဇတွေကို နိုးဆွလိုက်ပုံပေါ်တယ်.. ဒီအချိန်မှာဖြစ်သွားတဲ့ ကောင်မလေးရဲ့အပြုံးက နပမ်းပွဲမှာ တိုက်ခိုက်ရတာ ငါ့အတွက်ကျေနပ်ဆုံးသောအရာပါ့လားဆိုတာကို သိပ်လိုက်ရတဲ့အပြုံးမျိုး.... ငယ်ငယ်တုန်းက SmackDown လို့ အခေါ်များတဲ့ WWE နပမ်းပွဲတွေကို အတော်များများကြည့်ဖူးကြမှာပါ။.. အားလုံးလည်း အနည်းဆုံးတစ်ယောက်ကိုတော့ သဘောကျဖူးမှာပါပဲ.... The Rock, Undertaker, John Cena စသည်ဖြင့်ပေါ့။ ဒီရုပ်ရှင်ကတော့ WWE ရဲ့နာမည်ကျော် ဗြိတိန်အမျိုးသမီး နပမ်းသမား ပေ့ဂျ် အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်.... သူတို့မိသားစုဟာ အခြေခံမိသားစုဖြစ်ပြီး ဒီလောကထဲမှာ အတော်ရုန်းကန်ခဲ့ရပါတယ်... ခပ်ကြောင်ကြောင်မိသားစုလို့ခေါင်းစဉ်တပ်ခံရတဲ့အပြင် တကယ့်တကယ်မှာတော့ အခက်အခဲပေါင်းများစွာ သူတို့မိသားစုရင်ဆိုင်ခဲ့ရပါတယ်...သူတို့ဘယ်လိုရုန်းကန်ခဲ့ရလဲ... ဒီလောကဟာ ဘယ်လိုပုံစံမျိုးလဲခံစားကြည့်ရှုလိုက်ကြရအောင်... လက်ရှိ IMDb 7.5 ရှိပြီး Rotten ...92%ရရှိထားလေတော့ ကောင်းမကောင်း ဆုံးဖြတ်စရာမလိုတော့ဘူးထင်တယ်.. ဘယ်အချိန်ကြည့်ဖြစ်မလဲပဲဆုံးဖြတ်ရမယ်ထင်တယ်.. မင်းသမီးချောလေး Florence Pugh အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်... ဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Little Neo ပဲဖြစ်ပါတယ်.....
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |
ထုတ်လွှင့်သည့်နေ့
February 14, 2019
ကြာချိန်
1h 48m
အဆင့်သတ်မှတ်ချက်
6.9 / 10
Director
Stephen Merchant