
IMDb - 6.7/10_____Rotten - 71% ဖာဒီနန်ဟာ နွားရိုင်းသတ်ပွဲ ဝင်ဖို့ စပိန်နိုင်ငံ မြို့စွန့်က လေ့ ကျင့်ရေးစခန်းမှာ မွေးမြူထားတဲ့ နွားလေးဖြစ်ပြီး သူ့အဖေဟာ နွား ရိုင်းသတ်သမားတစ်ယောက်နဲ့ မက်ဒရစ်ကိုပါသွားပြီး ပြန်ရောက် မလာတော့တဲ့နောက်မှာတော့ လေ့ကျင့်ရေးစခန်းကနေ ထွက်ပြေးခဲ့ပါတယ်။ ဖာဒီနန်ကို နီနာဆိုတဲ့ မိန်းကလေးက သူ့ယာတောမှာခေါ် မွေးထားခဲ့တာမို့ ဖာဒီနန်လေးဟာ ယာတောက သူငယ်ချင်းတွေနဲ့အတူ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့ပါတယ်။ အနီရောင် အဝတ်စမြင်လိုက်တာနဲ့ ဒေါသ တဝင်းဝင်းနဲ့ လိုက်လံခတ်ချင်တဲ့ နွားရိုင်းစိတ်မျိုး လုံးဝမရှိဘဲ ပန်း ပွင့်လေးတွေကို တယုတယ ထွေးပွေ့နမ်းရတာကိုပဲ ဖာဒီနန် သဘောကျတာပါ။ ဒီလိုနဲ့ ဖာဒီနန်လေး အရွယ် ရောက်လာတဲ့အခါမှာတော့ သာမန်နွားတွေထက် အရွယ်အစား ကြီးမား တောင့်တင်းတာမို့ တွေ့ တဲ့သူတိုင်း အံ့ဩဘနန်းဖြစ်ကြရ ပါတယ်။ နောက်တော့ ဖာဒီနန်ကို အရင်နွားရိုင်း လေ့ကျင့်ရေးစခန်း က လူတွေတွေ့သွားပြီး မျက်စိ ကျကာ ပြန်ခေါ်သွားတဲ့အတွက် အေးချမ်းနေတဲ့ ဖာဒီနန်ရဲ့ဘဝ လေး ပျက်သုဉ်းခဲ့ရပါတယ်။ နွားရိုင်းနဲ့ အလှပြကစားရာ မှာ နာမည်ကြီး အယ်လ်ပရိုင်မီယိုက သူပြိုင်ပွဲက အနားမယူခင်မှာ ဖာဒီနန်နဲ့ အလှပြကစားချင်တာမို့ ပန်းခင်းထဲပျော်မွေ့သူလေးဟာ နွားရိုင်းသတ်ပွဲကွင်းထဲ အတင်းပို့ဆောင်ခံရပါတော့တယ်။ ကြမ်းတမ်းရက်စက်မှုတွေကို မလုပ်ချင်တဲ့ ဖာဒီနန်ကြီးဟာ တိုက်ခိုက်ရေးကျွဲအဖြစ်ကနေ သူ့စိတ်တိုင်းကျ လွတ်လပ်တဲ့ ယာတောကဘဝကို ပြန်ရဖို့အတွက် ယာတောက သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ ကြိုးပမ်းပုံကို အလွဲလေးတွေ၊ရယ်စရာလေးတွေနဲ့ ကြည့်ရမှာမို့ ပရိသတ်တွေအကြိုက်တွေ့ကြမှာပါ။ ဒီဇာတ်ကားမှာ အသံသရုပ်ဆောင်ထားသူတွေက ဂျွန်ဆီနာ၊ ကိတ်မက်ကင်နွန်၊ ဒေးဗစ်တန်းနန်၊ ဘော်ဘီကန်နာဗေးလ်၊ အန်သိုနီအန်ဒါဆန် စသူတွေပဲ ဖြစ်ပါ တယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ 7daydaily Website မှကူးယူဖော်ပြပါသည်) File Size : (902 MB) Quality : Blu-Ray 720p Running Time : 1hr 48min Format : Mp4 Genre :Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DRONES Translated by Khin Pyae Sone and Myo Thant Encoded by Thanhtike Zaw
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |