
“အရာအားလုံးက. ရှင်သန်ပြီး သေဆုံးတယ်. နိုးထပြီး. ကျဆင်းတယ်. ပြီးတော့ ချစ်တယ်. ထွက်သွားတယ်...” ဒီစကားစုလေးလိုပါပဲ ကျွန်တော်တို့ဘဝတွေမှာ အကောင်းအဆိုး တစ်လှည့်စီ ဖြစ်ပေါ်တတ်ကြသလိုပဲ ကြည့်ဖူးတဲ့ရုပ်ရှင်ကားတစ်ကားထဲကလို “ပျော်ရွှင်စရာအဆုံးသတ်မဟုတ်ခဲ့ဘူးဆိုရင် ဇာတ်မသိမ်းသေးပါဘူး” လို့ အားတင်းရင်းနဲ့ပဲ ဘဝကို ရှေ့ဆက်ကြရပါတယ်. မတော်တဆမှုတစ်ခုမှာ ဇနီးသည်ကို ဆုံးရှုံးလိုက်ရပြီးနောက်ပိုင်း ဦးနှောက်ထိခိုက်ဒဏ်ရာ၊ ဇနီးသည်အတွက် ပူဆွေးရမှုတွေကြောင့် ရလာတဲ့ စိတ်ဝေဒနာဒဏ်ရာများကို ကုစားဖို့ အသည်းပေါက်မတတ် ချစ်ရတဲ့ သမီးလေးနဲ့ ခွဲပြီး စိတ်ရောဂါကုဆေးရုံမှာ ၇ လကျော်ကြာ အချိန်ကုန်ခဲ့ရတဲ့ ဂျိတ်ဒေးဗစ်စ်. သူခံစားခဲ့ရတဲ့ စိတ်ဝေဒနာကို အခွင့်ကောင်းယူကာ သမီးလေးကို သူ့ဘဝထဲက ဆွဲထုတ်မယ့် သူများ၊ စာရေးဆရာဘဝရဲ့ တစ်ဆစ်ချိုး ကျရှုံးချိန် ရုန်းကန်ရပုံများ ကြားထဲမှ အဖေနဲ့သမီးဘဝ ငယ်ဘဝအမှတ်တရ များစွာကို လွမ်းဆွတ်ဖွယ် တင်ဆက်ထားသလို တစ်ဖက်မှာလည်း ၂၅ နှစ်အကြာမှာပဲ ကံကြမ္မာတစ်ကျော့ပြန်လာပြီး ရင်ထဲမှာ တွင်းနက်ကြီးတစ်ခုရှိနေသလို ဘာခံစားချက်မှ မရှိဖြစ်နေတဲ့ သမီးဖြစ်သူ ကိတ်ဒေးဗစ်စ်. ဘယ်သူမှ အတင်းအကျပ် လုယူ၊ မခိုးယူဘဲ ပျောက်ဆုံးသွားခဲ့တဲ့ နှလုံးသားထဲက ခံစားချက်တစ်စုံတစ်ရာကို ရှာဖွေရင်း ချစ်ရသူကို တွေ့သွားချိန် ဘဝရဲ့အတိတ်မည်းတွေကို လွတ်မြောက်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ် ဖော်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size… 1.6GB / 713MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 56m Genre ..... Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.6GB | Download | |
| 720p | 713MB | Download | |
| 1080p | 1.6GB | Download | |
| 720p | 713MB | Download |
ထုတ်လွှင့်သည့်နေ့
October 1, 2015
ကြာချိန်
1h 56m
အဆင့်သတ်မှတ်ချက်
7.2 / 10
Director
Gabriele Muccino