
နေ့စဥ်လူနေဘဝမှာ စိတ်ပင်ပန်းစရာတွေ၊ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာ တွေက လူတိုင်းတွေ့ကြုံခံစားနေရတဲ့ကိစ္စတွေပါပဲ၊ "ငါက ဘယ်လိုလူလဲ ငါက ဘာမို့လို့ ဒါကိုမလုပ်နိုင်ရတာလဲ" စသဖြင့် မိမိကိုယ်မိမိယုံကြည်မှု ပျောက်ဆုံးနေတာလည်း ပိုပြီးဆိုးရွားတဲ့ခံစားချက်ပါပဲ "။ ငါ လမ်းပျောက် နေပြီ၊ ငါဘာဆက်လုပ်မလဲ၊ ငါကဘာကောင်မှန်းမသိတော့ဘူး" ဒါတွေက ကျွန်တော်တို့ အတွေးတွေထဲ အမြဲတစေ တခါတရံဖြစ်ပေါ်လာတတ်ပါ တယ်။ မိသားစုပြဿနာတွေ၊ အလုပ်ကိစ္စအဆင်မပြေတဲ့အခါ၊ သမီးရည်းစားရန် ဖြစ်တာမျိုးတွေမှာ၊ နှစ်ဦးနှစ်ဖက်ညှိနှိုင်းမရတဲ့အခါမျိုးတွေမှာ စိတ်ရူးမတတ် အခြေအနေမျိုးတွေဖြစ်လာတတ်တယ်၊ အထူးသဖြင့် ခံစားချက်ကို ထိန်း ချုပ်ဖို့မလွယ်တဲ့ ဆယ်ကျော်သက်အရွယ်တွေပေါ့။ ဒီဇာတ်လမ်းမှာ ဆယ်ကျော်သက်တွေဖြစ်တတ်တဲ့ စိတ်ကူးအယဥ်လွန်ပြီး အမှားလုပ်မိတာတွေ၊ မိမိကိုယ်မိမိယုံကြည်မှုပျောက်ဆုံးတာ၊တဖက်လူရဲ့ ခံစားချက်ကိုထည့်မတွက်ဘဲ ကိုယ်လုပ်ချင်တာလုပ်တတ်တာ၊ အရာရာကို ငါသိငါတတ်ဆိုတဲ့စိတ်အခံတွေ၊ မိဘနဲ့သားသမီးကြားက မလိုအပ်တဲ့ အ သေးအမွှားပြဿနာလေးတွေကိုဖော်ကျူးထားတာဖြစ်လို့ ငါသာဆိုရင် သူ့နေရာမှာ ဘာလုပ်မလဲ စသဖြင့် ကိုယ်တိုင်ခံစားဖြည့်တွေးရင်း ကြည့်ရှု ရမယ့် ဇာတ်ကားလေးမို့ ခံစားကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်) File Size..........(1.9 GB) / (782 MB) / (455 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 35Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......ZWT Encoder..........SWM